လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ ပျဉ်းကိုးပင်ကျေးရွာနှင့် ဂွေးတောက်ကျေးရွာအုပ်စု၊ ‌(မြောက်စမ်း၊ မျှော့ထူ) ကျေးရွာတို့၌ (၂၅-၄-၂၀၂၃)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ် (၇) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ် (၈)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ(၁၃၅,၀၀၀/-)၊ အိမ်ထောင်စု(၈)စုမှ စုစုပေါင်းလူဦး‌ရေ (၂၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးရန်ပုံငွေ(၅၈,၈၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၉၃,၈၀၀/-) ကျပ်တို့အား(၂၆-၄-၂၀၂၃) ရက်နေ့ (၁ဝး၅၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR