လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက် အကူပြုဗဟိုဌာန(ရန်ကုန်)တွင် ဌာနတွင်းဆရာမများအတွက် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း သင်တန်းကို သင်တန်းသား(၂၆)ဦးဖြင့် ( ၁.၁၂.၂၀၂၅ ) ရက်မှ ( ၁၂.၁၂.၂၀၂၅ )ရက်ထိ ဖွင့်လှစ် လျက်ရှိရာ သင်တန်းတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းများကို သိရှိနားလည်ပြီး လက်တွေ့နယ်ပယ်များ၌ လုပ်ငန်းအတွေ့အကြုံရှိသော နည်းပြဆရာမများမှ မူကြိုဆရာမများအနေဖြင့် ပတ်ဝန်းကျင်နှင့် ချိတ်ဆက်၍ ကလေးများ၏ အသက်အရွယ်အလိုက် သင်ခန်းစာအစီအစဉ်များ ရေးဆွဲတတ်စေရန် စာတွေ့၊ လက်တွေ့များ သင်ကြားပို့ချပေးလျက်ရှိပါသည်။

အဆိုပါသင်တန်းတွင် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းတွင် ပါဝင်ရမည့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်ရေးဆွဲခြင်း၊ နှစ်စဉ်သင်ခန်းစာ အစီအစဉ်ရေးဆွဲခြင်း၊ လစဉ်သင်ခန်းစာ အစီအစဉ် ရေးဆွဲခြင်း၊ အပတ်စဉ်သင်ခန်းစာ အစီအစဉ်ရေးဆွဲခြင်း၊ အသက်အရွယ်အလိုက် (၃နှစ်မှ၄နှစ်) သင်ခန်းစာရေးဆွဲခြင်း၊ အသက်အရွယ်အလိုက် (၄နှစ်မှ၅နှစ်) သင်ခန်းစာရေးဆွဲခြင်း၊ နေ့စဉ် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း၊ ရေးဆွဲထားသော သင်ခန်းစာအလိုက် သင်ထောက်ကူများပြင်ဆင်ခြင်း၊ ECCD Law & Policy, သင်ခန်းစာအစီအစဉ်အလိုက်သင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ်များ လက်တွေ့ပြုလုပ်ခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သင်ကြားပို့ချလျက် ရှိပါသည်။

ထို့အပြင် အသက်အရွယ်အလိုက် သင်ခန်းစာရေးဆွဲခြင်း အသက်(၃)နှစ်မှ(၄)နှစ်နှင့် အသက်(၄)နှစ်မှ(၅)နှစ် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းများကို အသေးစိတ်သင်ကြားပေးမည် ဖြစ်ပြီး ထိုသို့သင်ကြားရာတွင်လည်း လွယ်ကူပြီးထိရောက်မှုရှိစေရန် သင်ခန်းစာခေါင်းစဉ်ပေါ်မူတည်၍ ရေးဆွဲထားသော သင်ခန်းစာအလိုက် သင်ထောက်ကူပစ္စည်းများပြုလုပ်ခြင်းကိုလည်း လက်တွေ့သင်ကြားဖော်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

       အဆိုပါသင်တန်းကို တက်ရောက်ပြီးသော သင်တန်းသူများအနေဖြင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ရှိ မူကြိုအရွယ်ကလေးငယ်များအား ဖွံ့ဖြိုးမှု(၅)ရပ်နှင့်အညီ ကြီးထွားဖွံ့ဖြိုးလာစေရန် သင်ခန်းစာအစီအစဉ်အလိုက် လက်တွေ့ပြုလုပ်ထားသော သင်ထောက်ကူများနှင့် သင်ယူမှုနေရာများတွင် ချိတ်ဆက်၍ သင်ကြားသင်ယူမှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်တတ်လာပြီး စနစ်တကျ ပြုစုစောင့်ရှောက် သင်ကြားပေးနိုင်မည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းခန်းမတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန ( ရန်ကုန် )၌ ဌာနတွင်းဆရာမများအတွက် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းသင်တန်း ဖွင့်လှစ်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်(အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး) ရပ်ရွာအခြေပြု Ready to wear စက်ချုပ်သင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR