လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်) စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (/၂၀၂၄) ဖွင့်ပွဲအခမ်းအနားအား (၁၈-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့်က မူးယစ် ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)သည်  စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၉ ခုနှစ် မှ ယနေ့အချိန်အထိ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း()ကြိမ် ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအား ရပ်ရွာလူထုအတွင်း မူးယစ် ဆေးဝါးပြဿနာများအား ပညာပေးစည်းရုံးဆောင်ရွက်နိုင်ရန်၊ လူမှုအဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များတွင် တာဝန်ယူဆောင်ရွက်မည့်ပုဂ္ဂိုလ်များ အသစ်လေ့ကျင့်မွေးထုတ်ပေးရန်နှင့် လူငယ်များ မူးယစ် ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ထိရောက်စွာကိုင်တွယ်ဖြေရှင်းတတ်စေရန်၊ အသိပညာပေးလုပ်ငန်း များဆောင်ရွက်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများအတွက် အထောက်အကူများရရှိစေရန်နှင့် ထိရောက်သည့် နည်းပညာများရှာဖွေဖော်ထုတ်တတ်စေရန် ရည်ရွယ်၍ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် လူငယ်များလမ်းမှားမရောက်ရှိစေရေး၊ ပညာရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် အတွေးအခေါ်ကောင်းများ ပိုင်ဆိုင်ရေးအား မိဘအုပ်ထိန်းသူများနှင့် ပတ်ဝန်းကျင်မှ ပံ့ပိုးဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊  ပြည်သူလူထုတစ်ရပ်လုံးက ဘက်ပေါင်းစုံ၊ ရှ့ထောင့်ပေါင်းစုံမှ အတူတကွပါဝင်တိုက်ဖျက်ပေးမှသာ အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏ သား/သမီးများအား ကောင်းမွန်သော နည်းလမ်းများကို ရွေးချယ်စဉ်းစားသင့်ပြီး လိုအပ်ချက်ကို လမ်းညွှန်ပြသခြင်းကြောင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ရန်အတွက် မိသားစု၊ လူမှုရေးအဖွဲ့အစည်းနှင့် သင်ကြားရေးဝန်ဆောင်မှုတို့ဖြင့် ပူးပေါင်း၍ အားဖြည့်ထောက်ပံ့ရန် လိုအပ် ပါကြောင်း၊  စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဆင်း သင်တန်းသားများ များပြားလာ ခြင်းဖြင့် နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုသည် ပိုမိုကျယ်ပြန့်လာပြီး မူးယစ် ဆေးဝါးသုံးစွဲသူလူငယ်လူရွယ်များ လျော့နည်းလာနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်က နောက်ဆက်တွဲစောင့်ရှောက်မှုအတွက် ကွင်းဆင်း၍ လူငယ်များဆေးပြန်လည်သုံးစွဲမှု ရှိ/မရှိ၊ လူ့အသိုင်းအဝင်းအတွင်း ပုံမှန်ပြန်လည်ဝင်ဆံ့ သွားလာနိုင်မှု ရှိ/မရှိတို့အား ပြန်လည်ထူထောင်မှုခံ ယူပြီးသော သင်တန်းသားများအတွက်ဆောင်ရွက်မည့် နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး  သုံးစွဲမှု ပပျောက်ရေးအသင်းဥက္ကဋ္ဌ၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား/သူများ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။  အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြီးစီး ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR