လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး မှရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ ကချင်ကုန်းဒေသမှ ရာအိမ် မှူး၊ဆယ်အိမ်မှူးများ နှင့်ရပ်မိရပ်ဖများသည်၎င်းတို့၏ ရပ်ကွက်နယ်မြေအတွင်း ရေဖြန့်ဝေမှု မရရှိသဖြင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေပါသောကြောင့် ရပ်ကွက်အတွင်းရှိ ဆုံကွယ်ကျေးရွာ၊ အများပိုင် နတ်နန်း၊ရပ်ကွက်ဓမ္မာရုံမြေနေရာတွင် (၄")စက်ရေတွင်း၊ပေ(၄၀၀)ခန့်၊ (၁၅၀၀)ဆံ့အုတ်ရေကန်နှင့် ရေတင်စက်ရုံတည်ဆောက်နိုင်ရေးအတွက်ထောက်ပံ့ပေးနိုင်ရေးတင်ပြလာမှုအပေါ် လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၃)ရက် နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ သက်ဆိုင်ရာရာအိမ်မှူး၊ ဆယ် အိမ်မှူးများနှင့်ရပ်မိရပ်ဖများထံသို့ (၄")စက်ရေတွင်းပေ (၄၀၀)၊ ဂါလန်(၁၅၀၀)ဆံ့အုတ်ရေကန်နှင့် ရေတင်စက်ရုံတည်ဆောက်နိုင်ရေး အတွက် ငွေကျပ်(၉၅၀၀၀၀၀/-)(ကိုးဆယ့်ငါးသိန်းတိတိ) အား လွှဲပြောင်းထောက်ပံ့ခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR