အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း ၁၅ မေ ၂၀၂၄ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၄) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ ရှမ်းခေါင်းဗြဲကျေးရွာ၊ ရိုးလေးဝကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ရေဖျင်းကျောင်းကျေးရွာ၊ ရေကျော်(အရှေ့)ကျေးရွာများ၌ မိုးကြိုကာလတွင် ဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များအား ကျေးရွာနေပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် လိုက်လံနှိုးဆော် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။Source: DDM
မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြို့မစျေးနှင့် မြသာယာစျေးတို့တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း ၀၅ မေ ၂၀၂၆
မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ညောင်ပင်လေးစျေးနှင့် ညောင်ပင်ကြီးစျေးတို့တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း ၀၅ မေ ၂၀၂၆
နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်းများ စတင်ဖွင့်လှစ်၊ ကလေးငယ်များ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိ ၀၅ မေ ၂၀၂၆
မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာအုပ်စု၊ ပကိတ်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း ၀၅ မေ ၂၀၂၆
အမှတ် (၂) မူလတန်းကြိုကျောင်း၊ ကျောင်းပြန်လည်ဖွင့်လှစ်ခြင်းနှင့် ယာယီစာသင်ဆောင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ၀၄ မေ ၂၀၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်း ကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း ၀၄ မေ ၂၀၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း ၂၇ ဧပြီ ၂၀၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ် ၁၉ ဧပြီ ၂၀၂၆