နေပြည်တော်၊ လူမှုဝန်ထမ်းရုံးမှ ၂၅-၁၂-၂၀၂၅ ရက်မှ ၁၀-၁၂-၂၀၂၅ ရက်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အခမ်းအနားအား ၇-၁၂-၂၀၂၅ ရက်တွင် လယ်ဝေးမြို့နယ် စမတောင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး လယ်ဝေးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ကလေးပြုစုရေးဌာနမှ တာဝန်ရှိသူများနှင့် ကလေးငယ်များ၊ စမတောင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းမှာ အမျိုးသမီးများရင်ဆိုင်နေရတဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အမျိုးသမီးများရဲ့ စွမ်းရည်တွေနဲ့ အရည်အသွေးများကို မြှင့်တင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျား၊ မတန်းတူမညီမျှမှုများကို ဖယ်ရှားခြင်း၊ အကြမ်းဖက်ခံရမှုမှ လွတ်မြောက်လာသူကို ဗဟိုချည်းကပ်မှု နည်းလမ်းနဲ့ ကာကွယ်စောင့်ရှောက်ခြင်း၊ ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှုကို တုံ့ပြန်ဆောင်ရွက်နိုင်တဲ့ မူဝါဒများကို ရေးဆွဲချမှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှု Video Clip ပြသခဲ့ပြီး နေပြည်တော်ကလေးပြုစုရေးမှ သားငယ်၊သမီးငယ်လေးများနှင့် စမတောင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်းသား၊ကျောင်းသူများက Fitness dance ဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR