ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးကျင်းပသည့် “လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးသင်တန်း” ကို ၂၈-၄-၂၀၂၆ ရက်နှင့် ၅-၅-၂၀၂၆ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါသင်တန်း၌ ၂၈-၄-၂၀၂၆ ရက်တွင် လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် တာဝန်ရှိသူများအားလည်းကောင်း၊ ၇-၅-၂၀၂၆ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ လွိုင်လင်လေးမြို့နှင့် လောပိတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် တာဝန်ရှိသူများအားလည်းကောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါသင်တန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အချက်အလက်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပါသည်။



နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR