၂၀၂၄ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကုလသမဂ္ဂမှပေးပို့လာသည့် UN Message  Video Clip ပြသခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ပေးပို့လာသည့် Video  Clip ပြသခြင်းများဆောင်ရွက်ပြီး မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသူလေးများက မွန်သင်္ကြန်ယိမ်းဖြင့် ဖျော်ဖြေတင်ဆက်ကြပါသည်။ ထို့နောက် မွန်ပြည်နယ် အမျိုးသမီးသိုင်းအဖွဲ့မှ အခြေခံဗန်တို ၆၃မောင်းနှင့် ရာမညလက်ရေးသိုင်း၊ ရာမည ဓါး ၁လက် ဓါးရေးသိုင်း၊ ရာမည တုတ်ရှည်သိုင်း၊ ရာမည ဓါးရေး ဓါး ၂လက်သိုင်းတို့ဖြင့် အသီးသီးသရုပ်ပြ တင်ဆက်ကြပါသည်။ ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်သွားသည့် မွန်သင်္ကြန်ယိမ်းအဖွဲ့နှင့် မြန်မာသိုင်းအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး အခမ်းအနားကို နံနက် (၁၀:၃၀) နာရီတွင်ပြီးမြောက်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များကခန်းမတွင်း ခင်းကျင်းပြသထားသော ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ နွေးထွေးသောရင်ခွင်အဖွဲ့၊ မေတ္တာရှင်အဖွဲ့တို့မှ ပြသထားသည့် လှုပ်ရှားမှုမှတ်တမ်းများ၊ မော်လမြိုင်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် အကြမ်းဖက်ခံရသော အမျိုးသမီးလေးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ မော်လမြိုင် (OSWSC) တို့မှ အမျိုးသမီးငယ်လေးများ၏ ထုတ်ကုန်များအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။







နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR