ရန်ကုန်တိုင်းဒေသကြီးသို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက်ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိသက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ခဲ့ပြီး ဂေဟာတွင် လူမှုရေးအရ အထီးကျန်နေသော၊ နာတာရှည်ဝေဒနာခံစားနေမှုမရှိသော အသက်(၇၀)နှစ်နှင့်အထက်ဘိုးဘွားများအားနေ့ပိုင်းစောင့်ရှောက်ထားရှိမှုများအား ကြည်ရှုစစ်‌ဆေးရာ ဂေဟာတာဝန်ခံမှ ဘိုးဘွားများအား တစ်ဦးချင်းစီနှင့်အုပ်စုအလိုက် နှစ်သိမ့်ဆွေးနွေးမှုများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ဘိုးဘွားများအား မိမိတို့ဝါသနာပါရာလုပ်ငန်းများဆောင်ရွက်စေခြင်း၊ ဘုရားဖူးနှင့် လေ့လာရေးခရီးများစီစဉ်ဆောင်ရွက်ပေးခြင်း၊ မူလတန်းကြိုကျောင်းများမှကလေးများ၊ လူငယ်များ၊  အခြားဘိုးဘွားရိပ်သာများမှ ဘိုးဘွားများနှင့် တွေ့ဆုံပေးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို  ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ဘုရားခန်း၊ အဘိုး/အဘွားအိပ်ဆောင်၊ စာကြည့်တိုက်၊ ပန်းချီခန်း၊ ကာရာအိုကေခန်း၊ ဆေးကုသခန်း၊ ဆံသခန်း၊ မီးဖိုဆောင်နှင့် ထမင်းစားဆောင်၊ သက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ(Care Giver) သင်တန်း ဖွင့်လှစ်သော သင်တန်းဆောင်များသို့ ကြည့်ရှုခဲ့ပြီး   ဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဦးစီးဌာန(၃)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ စေတနာထား၍ဆောင်ရွက်ရန်၊ မွေးစမှသည် သက်ကြီးရွယ်အိုများအထိ လူမှုရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို တတ်နိုင်သရွေ့ အကောင်းဆုံးဖြစ်ရန် ပြုစုစောင့်ရှောက်ပေးနေကြသော ကျောင်းအုပ်များ၊ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊စိတ်ရောကိုယ်ပါမြှုပ်နှံ၍ ပြုစုစောင့်ရှောက်ပေးနေကြသူများဖြစ်၍ အလုပ်လုပ်ရင်း ကုသိုလ်ရနေပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း ပွင့်ပွင့်လင်းလင်းတင်ပြစေလိုပါကြောင်း၊ အတတ်နိုင်ဆုံးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန လက်အောက်ရှိ  ဦးစီးဌာန(၃)ခုမှ အရာထမ်း/အမှုထမ်းများ နှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းလုပ်ငန်းရပ်များဆောင်ရွက်နေမှုများအား Power Point ဖြင့်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် Nippon Foundation တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသောမသန်စွမ်းသူများအတွက်  ICT နည်းပညာဆိုင်ရာအသက်မွေးဝမ်းကျောင်းသင်တန်းများပို့ချပေးလျက်ရှိသော သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာသင်ကြားလေ့ကျင့်ရေးစင်တာ(Information Communication Technology (ICT) Training Center)သို့ရောက်ရှိခဲ့ပြီး စီမံကိန်းတာဝန်ခံမှ  စင်တာ၏ဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ရှေ့ဆောင်ရွက်ရမည့်လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR