လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းချောင်းကျေးရွာအုပ်စု၊ အောင်ချမ်းသာ(၂)လမ်း၌ (၂၈-၁၀-၂၀၂၃) ရက်နေ့ (၁၉:၁၅) နာရီအချိန်ခန့်တွင် သီတင်းကျွတ်မီးထွန်းရာ ဖယောင်တိုင်မီးမှ မီးကူး စက်လောင် ကျွမ်းခဲ့ပြီး   အဆိုပါမီးလောင်မှုကြောင့် နေအိမ်(၂၉)လုံး  လုံးဝပျက်စီးခဲ့ပြီး အိမ်ခြေ (၂၉)လုံးမှ အိမ်ရှင် ဒေါ်အေးမူအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-) လူဦးရေ ကျား(၄၆)ဦး၊ မ(၄၂)ဦး၊ ပေါင်း(၈၈)ဦးအတွက်  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၄,၈၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၄,၈၀ဝ/-)၊ အိမ်ထောင်စု (၂၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၂၉)စုစာတို့အား (၇-၁၁-၂၀၂၃) ရက်နေ့ (၁၀:၁၅) အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR