လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ တတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါ သည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် (၁၂)လ ရာသီပွဲတော်များ ကို နှစ်စဉ်ကျင်းပရာတွင် တပို့တွဲလမှာတော့ ထမနဲပြိုင်ပွဲများကို မြန်မာ့ရိုးရာထုံးတမ်းစဉ်လာများ နဲ့အညီ ကျင်းပလေ့ရှိပါကြောင်း၊ တပို့တွဲလတွင်ကျင်းပသော မီးပုံပွဲ(မီးဖုန်းပွဲ)နှင့်အတူ ယာဂုပွဲကိုပါ ကျင်းပကြောင်းကိုလည်း ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးမှာ ရေးသားမှတ်တမ်းတင် ထားပြီး အေးချမ်းတဲ့ဆောင်းကာလမှာ ထမနဲပွဲကျင်းပရခြင်းက ပျော်စရာကောင်းပြီးတော့ ထမနဲ ထိုးကြပုံက စုပေါင်းညီညာတဲ့သရုပ်ကို ဆောင်နေပါကြောင်း၊ ဒါ့အပြင် ထမနဲကို ဆောင်းရာသီ နှင်းငွေ့ဝေတဲ့ချိန်မှာ ဘုန်းတော်ကြီးကျောင်းကို လှူဒါန်းနိုင်တဲ့အပြင် တစ်အိမ်တက်ဆင်း ဝေငှကျွေးမွေးတာဟာလည်း မြန်မာတို့ရဲ့ ချစ်စရာဓလေ့တစ်ခုဖြစ်ပါကြောင်း၊ ဒါ့ကြောင့် မီးဖုန်းအလှူပွဲနဲ့ ယာဂုအလှုပွဲတွေဟာ အလှူရေစက် လက်နဲ့ မကွာသဒ္ဓါတရားထက်သန်တဲ့ မြန်မာတို့ရဲ့ စေတနာကို ဖော်ပြနေတဲ့ သင်္ကေတတွေဖြစ်တဲ့အပြင် အစဉ်အလာယဉ်ကျေးမှုတွေ မပပျောက်စေဖို့နဲ့ ကောင်းမှုကုသိုလ်ရရှိစေဖို့ရည်ရွယ်ပြီး မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကို တပို့တွဲလရောက်တိုင်း နိုင်ငံတစ်ဝှမ်းမှာ နှစ်စဉ်ကျင်းပကြခြင်းဖြစ်ပါ ကြောင်း၊ ဒါ့ကြောင့် မိမိတို့ ဝန်ကြီးဌာနအနေနဲ့လည်း နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ယခုအစဉ်အလာကို ရိုးရာမပျက် ဆက်လက်ထိန်းသိမ်း သွားကြဖို့နဲ့ ယနေ့အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသော အရာထမ်း/ အမှုထမ်းများ၊ တာဝန်ရှိသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး နောက် ပြိုင်ပွဲဖြစ်မြောက်ရေးဆပ်ကော်မတီများမှ သက်ဆိုင်ရာတာဝန်ရှိသူများက ထမနဲပြိုင်ပွဲ၊ လှုပ်ရှားမှုနှင့်အချိန်အမှတ်ပေးဆပ်ကော်မတီ၊ အရည်အသွေးအမှတ်ပေးဆပ်ကော်မတီ အမည်စာရင်းနှင့် ပြိုင်ပွဲဝင်အသင်းသားများအမည်စာရင်း ဖတ်ကြားတင်ပြခြင်းနှင့် ထမနဲထိုးပြိုင်ပွဲအမှတ်ပေးမည့် အချက်များအားရှင်းလင်းတင်ပြခြင်း၊ ထမနှဲထိုးပြိုင်ပွဲဝင် အသင်းအလိုက်နေရာယူခြင်းနှင့် ခင်းကျင်းပြင်ဆင်ခဲ့ကြပြီး ဝန်ကြီးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်အသင်း များမှ တက်ကြွပျော်ရွှင်စွာယှဉ်ပြိုင်ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူမျာ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများကအားပေးခဲ့ကြပါသည်။ အရည်အသွေးအမှတ် ပေးဆပ်ကော်မတီမှ အသင်းလိုက်ထမနဲပန်းကန်များအား အရည်အသွေးစစ်ဆေးအမှတ်ပေးခြင်း နှင့် ဆုရရှိသည့်အသင်း အမည်စာရင်းအား ဆုချီးမြှင့်ရေး ဆပ်ကော်မတီသို့ ပေးအပ်ခဲ့ကြပြီး ဒိုင်အဖွဲ့က အမှတ်ပေးစည်းကမ်း နှင့်အညီအကဲဖြတ်ခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပထမဆုရှိသည့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယဆုရရှိသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တတိယဆုရရှိသည့် ဝန်ကြီးရုံးနှင့် နှစ်သိမ့်ဆုရရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနတို့အား အသီးသီးဆုချီးမြှင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR