၂၀၂၆ ခုနှစ်၊ မတ်လ(၈)ရက်တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ရုံးအမှတ် ၂၃ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့်ဇနီး၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီတို့မှကော်မတီဝင်ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ပြည်ထောင်စုနယ်မြေနေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့်ဇနီး၊အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊အမျိုးသမီးအဖွဲ့အစည်းများမှဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး က အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ်  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်မှာတရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေးအမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေးဖြစ်ပါကြောင်း၊ ဆောင်ပုဒ်၏ ဆိုလိုချက်အရ အမျိုးသမီးများနှင့်ပတ်သက်ပြီး တန်းတူညီမျှမှုနှင့် တရားမျှတမှုရရှိစေရန်၊ ဥပဒေပြဋ္ဌာန်းချက်များကိုသိရှိပြီးလေးစားလိုက်နာစေရန်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အတားအဆီးများကိုဖယ်ရှားစေပြီးအနာဂတ်တိုးတက်မြင့်မားစေရန်အတွက်လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည်ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်အမှတ်(၅)ဖြစ်သည့်ကျား၊ မတန်းတူညီမျှရေးနှင့် အမျိုးသမီးများနှင့် အမျိုးသမီး ငယ်ရွယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး လုပ်ငန်းစဉ်များ၊ကမ္ဘာ့အမျိုးသမီးညီလာခံနှင့်အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊လုပ်ငန်းအစီအစဉ်များကိုနိုင်ငံတော်၏မူဝါဒနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်ကမ္ဘာ့လူဦးရေသည်သန်း (၈)ထောင်ကျော်ရှိသည့်အနက် အမျိုးသမီးဦးရေသည်(၄၉.၇၄)ရာခိုင်နှုန်းရှိပါကြောင်း၊ကမ္ဘာတစ်ဝန်းတွင်အမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ၏စွမ်းရည်များနှင့် အရည်အသွေးများကိုမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသော်လည်း တစ်ဖက်တွင်နည်းမျိုးစုံနှင့်ခွဲခြားဆက်ဆံမှုများ၊ စိန်ခေါ်မှုများကိုကြုံတွေ့နေရသည့်မိန်းကလေးငယ်များလည်း ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံ၏စုစုပေါင်းလူဦးရေမှာ ၅၁ ဒသမ ၄ သန်းရှိပြီး  အမျိုးသမီးဦးရေသည်၅၃ ရာခိုင်နှုန်းရှိပါကြောင်း၊ မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အလာကတည်းက အမျိုးသားများ နည်းတူသာတူညီမျှလူ့အခွင့်အရေးများကို ယနေ့အထိ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ခံစားနေကြတာကို အားလုံးလည်း သိရှိပြီးဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများအားလုံး စွမ်းပကားမြင့်မားရေး ဆောင်ရွက်ချက်များကို ထိရောက်အောင်မြင်နိုင်ရန်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပုံစံအားလုံးကို အဆုံးသတ်စေရေး လုပ်ငန်းစဉ်များသည် လည်းအဓိကအရေးပါကြောင်း၊အကြမ်းဖက်မှုကြုံတွေ့ရပါက လိုအပ်သည့်ဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်ရေးအတွက်  သတင်းပို့တိုင်ကြားနိုင်ရန် Helpline ဖုန်း ၁၅၆၆ ဖြင့် ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊မြန်မာအမျိုးသမီးထုကြီး အားလုံး၏အခွင့်အရေးများအပြည့်အဝရရှိခံစားနိုင်စေရေးနှင့် နိုင်ငံတကာနှင့်ထားရှိသည့်ကတိကဝတ်များ၊ စီမံချက်များကို အကောင်အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနအသီးသီးနှင့်တိုင်းဒေသကြီး/ပြည်နယ်အသီးသီးကဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအလိုက်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျုဟာစီမံကိန်း (NSPAW) ပါ နယ်ပယ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် မြန်မာနိုင်ငံ ၏အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များ မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပါ သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်သူများသည် ခင်းကျင်းပြသထားသော အမျိုးသမီးကျောင်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR