မန္တလေးငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများအားထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို (၁၂-၅-၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီတွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ နေပြည်တော်ကောင်စီကောင်စီဝင်ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဋ္ဌ(၁)၊ နေပြည်တော်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌနှင့် မသန်စွမ်းသူကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကပြန်လည်ထူထောင်ရေးလုပ်ငန်းများနိုင်ငံတော်အစိုးရမှ ဦးဆောင်၍ အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိမသန်စွမ်းသူ(၁၁၆၇)ဦး ငလျင်ဘေးခံစား ခဲ့ရသည်ကိုသိရှိရပါကြောင်း၊ သဘာဝဘေးကြုံတွေ့ချိန်တွင် မသန်စွမ်းသူများသည် ပိုမိုထိခိုက်လွယ်သည့် အခြေအနေရှိသူများဖြစ်သောကြောင့် ၎င်းတို့၏ လတ်တလော သက်သာချောင်ချိရေး တစ်စိတ်တစ်ပိုင်းအထောက်အပံ့ဖြစ်စေရန်အတွက် ငလျင်ဘေး ခံစားခဲ့ရ သည့် မသန်စွမ်းသူများအား အထူးအခြေအနေတစ်ရပ်အဖြစ်ထောက်ပံ့ရခြင်းဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆပ်ကော်မတီကိုဖွဲ့စည်းထားရှိပြီး မသန်စွမ်းမှုအမျိုးအစားအလိုက်ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဘေးအန္တရာယ်ဖြစ်ပွားစဉ်နှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ရင်ဆိုင်ကြုံတွေ့ရမည့် ကိစ္စရပ်များတွင် ကြိုတင်ပြင်ဆင် နိုင်ရန်၊ ထိရောက်စွာတုံ့ပြန်နိုင်ရန်နှင့်ပြန်လည်ထူထောင်ရေးတို့အတွက် မသန်စွမ်းသူများ အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးစံလုပ်ငန်းစဉ်ကိုပြုစုရေးဆွဲ လျက်ရှိပါကြောင်းနှင့်သဘာဝဘေးကြုံတွေ့လာပါကကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် မသန်စွမ်းသူများ ပူးပေါင်းပါဝင်နိုင်မည့်အခြေအနေများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အဖက်ဖက်မှ ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းကိုယ်စားလှယ်များအား ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီးငလျင်ဒဏ်ခံစားခဲ့ရသည့် ကျန်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မသန်စွမ်းသူများအတွက်လည်းပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR