၃၀-၁-၂၀၂၆ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် ကျားမအခြေပြုအကြမ်းဖက် မှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ခရိုင်ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးမတီဥက္ကဌ ဦးကျော်စွာထွန်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြား‌ရေးမှူး‌ ဒေါ်ခင်လှနွယ်က ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဖြစ်ပွားလာပါက‌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကျားမအခြေပြုအကြမ်းဖက်မှုဆိုင်ရာများ‌ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ဆက်သွယ်‌ဆောင်ရွက်ရမည့် Case Manager ဖုန်းနံပါတ်များ၊ ချိတ်ဆက်ညွှန်းပို့နိုင်‌ကြောင်းနှင့် လူမှုဝန်ထမ်းလုပ်ငန်းစဉ်များကို အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR