မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနများမှ အဖွဲ့ဝင်များက In Person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အဖွဲ့ဝင်များက Online ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရဲ့ ပထမငါးနှစ်စီမံကိန်း (၂၀၁၉-၂၀၂၃) သည် မကြာခင် ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နိုင်ရန်လိုအပ် လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သင်တန်းကျောင်းအခြေပြု ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေးစနစ်ထူထောင်၍ ရပ်ရွာ အတွင်းရှိ ပြစ်မှုနှင့် ငြိစွန်းသည့် ကလေးသူငယ်ဖြစ်ရပ်များ၊ ပြစ်မှုနှင့်ငြိစွန်းခြင်းမရှိသည့် ကလေးသူငယ်ဖြစ်ရပ်များကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေးအလုပ်သမားပြဿနာသည် မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့်လည်းစီးပွားရေးနှင့် လူမှုရေး ဆိုင်ရာအကျိုးသက်ရောက်မှုများ၏   နောက်ဆက်တွဲအခြေအနေများအရ  ကလေးများမှာ ပညာရေးနှင့် အလှမ်းဝေးသည့် အနေအထားသို့ရောက်ရှိ၍ ကလေးအလုပ်သမားများအဖြစ်သို့ ရောက်ရှိ ကြသည်ကိုလည်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ဒီကနေ့အစည်းအဝေးမှာ ကလေးသူငယ်များအတွက်  ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက  သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများအလိုက် မူလလုပ်ငန်းများမှာ ကလေးအလုပ်သမားများလျော့နည်းပပျောက်စေရေးနဲ့ စနစ်တကျကူညီပံ့ပိုးမှုများပေးအပ်နိုင်ရေး အတွက်နည်းလမ်းများအား တိုးမြှင့်ဆောင်ရွက်ပေးစေလိုကြောင်း၊  မိသားစုများအတွက် ပိုမိုကောင်းမွန်သော လူမှုကာကွယ်စောင့်ရှောက်မှုများပေးခြင်းတို့ကို အင်တိုက်အားတိုက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖြစ်ရပ်များကို ဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ အသိပညာပေး လုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကလေးသူငယ်များအတွက် ကာကွယ်စောင့်ရှောက်ခြင်း၊ အရည်အသွေးမြှင့်တင်ပေးခြင်းစသည်တို့ကို ဦးစားပေးလုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်ရန် အသေးစိတ်လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြား၍ အစည်း အဝေးကို ညနေ ၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR