ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဌာနတွင်း အရာထမ်း/ အမှု ထမ်းများအား ဥပဒေအသိပညာ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည် ကျင့်သုံးနိုင်ရေးစီမံဆောင်ရွက်ရန် လမ်းညွှန်ထားရှိမှုများနှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့် ပွားရေးသင်တန်းများသို့ တက်ရောက်ပြီးဖြစ်သည့် ဝန်ကြီးဌာနမှ အရာထမ်းများက ဥပဒေ ဆိုင်ရာအသိပညာများ ဆက်လက်ဖြန့်ဝေပေးနိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ လူအများလိုက်နာကျင့်သုံးရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်း များဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည်ကြရပြီး နိုင်ငံတော်တွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် ဥပဒေများကို လိုက်နာကြရမှာဖြစ်ပါကြောင်း၊ အစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး ပါဝင် ဆောင်ရွက်ကြရသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဦးစီးဌာနအလိုက် လုပ်ငန်းတာဝန်များနှင့် ဆက်စပ်ပြီး ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်း ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်းများကို ထဲထဲဝင်ဝင် လေ့လာသိရှိကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ခြင်း ကြောင့် ပိုမိုဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူတစ်ဦးအနေဖြင့်ရော ဝန်ထမ်း တစ်ဦးအနေဖြင့်ပါ ဆက်စပ်ပတ်သက်နေသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေ့လာ သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်သည့်အတွက် သင်တန်းတွင်ဆွေးနွေးသည့် အကြောင်းအရာ များကိုအခြေခံပြီး ပိုမိုကျယ်ပြန့်စွာ ဆက်လက်လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအား ၁၃-၁-၂၀၂၅ ရက်နေ့မှ ၁၄-၁-၂၀၂၅ ရက်နေ့အထိ နှစ် ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ ဦးစီးမှူး၊ ဒုတိယဦးစီးမှူး စုစုပေါင်း သင်တန်းသား/သူ (၁၀၀)ဦး တက်ရောက်မည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR