မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး Talk Show နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး Talk Show ရိုက်ကူးခြင်းကို (၈.၁၂.၂၀၂၃) ရက်နေ့တွင် သွားရောက်ရိုက်ကူးခဲ့ပါသည်။ 

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး (၇)ရပ် အကြောင်းဆွေးနွေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းအဓိပ္ပာယ်၊ အကြမ်းဖက်ခြင်းအမျိုးအစားများ၊ အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကာကွယ်စောင့်ရှောက်မှုဆောင်ရွက်ချက်များ၊ အကြမ်းဖက်များအား ကာကွယ်တားဆီးနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်းနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဆောင်ပုဒ်၊ အခမ်းအနားကျင်းပမှုများအား ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး မသန်စွမ်းသူနှင့်မသန်စွမ်းမှုအဓိပ္ပာယ်၊ မသန်စွမ်းမှုအမျိုးအစားများ၊ မသန်စွမ်းမှုကို ဖြစ်ပေါ်စေသော အတားအဆီးများ၊ မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများ၊ မသန်စွမ်းသူများအသင်းအဖွဲ့ဖွဲ့စည်းခြင်း၊ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ မသန်စွမ်းသူများအား ဆက်သွယ်နိုင်မည့်နည်းလမ်းများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပဆောင်ရွက်ချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR