၂၀၂၆ခုနှစ်၊ ဧပြီလ (၆) ရက်က စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံ ပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။

          အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကလေးအလုပ်သမားများမှာ များစွာရှိသော်လည်းအဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများကို ထိရောက် သော ပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခဲ့သော ပိုင်ရှင်နှင့် အမြတ်ထုတ်သူများအပေါ် ထိရောက်သော အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိသလို အဆိုပါ ကလေးများအတွက်လည်း ထိရောက်သော ကုစားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ကလေးသူငယ်များအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ဆက်စပ်လျက်ရှိသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းများကိုလည်း အသိပညာပေးခြင်း၊ မိဘနှင့်အုပ်ထိန်းသူများကိုလည်း စီပွားရေး အဆင်ပြေစေရန် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေး ဟောပြောခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိစေရန်တို့အတွက် အသက်မွေး ပညာသင်တန်းများဖွင့်ပေးခြင်း၊ ရေရှည်ဘဝ ရပ်တည်နိုင်ရေးအတွက် ကလေးသူငယ်များအား စောင့်ရှောက် လျက်ရှိသလို မိဘများသို့လည်း ဆွေးနွေးပြောကြားပြီး ပညာသင်ချိန်မှာ ပညာသင်ကြားနိုင်ရေးတို့ကို အထောက်အကူပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ဖွင့်လှစ်ခဲ့သည့် သင်တန်းများကတော့ အခြေခံပန်းချီ သင်တန်း၊ စွန့်ပစ်ပစ္စည်းများမှ သင်ထောက်ကူပစ္စည်းများ ပြုလုပ်ခြင်း သင်တန်းတို့ကို ကလေးငယ်များအား အခြေခံစနစ်တကျ သင်ကြားနိုင်ရန် ဆရာ၊ဆရာမများကို သင်ကြားပေးခဲ့ပြီး ဆရာ/ဆရာမ များမှလည်း ကလေးများ အားလုံးအတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလ ပြည့်ဝသော ကလေးသူငယ်များ ဖြစ်လာစေရန်အတွက် သင်ထောက်ကူပစ္စည်းများ အခြေခံကာ သဘာဝ ပတ်ဝန်းကျင် လူနေမှုအဆင့်အတန်း၊ ဘဝမြင့်မားရေးတို့အတွက် အခြေခံကောင်းများ ဖန်တီးပေး ရဖြစ်ကြောင်း ကောင်းမွန်သော ဘဝရပ်တည်မှုကို ရရှိစေရန် တပိုင်တနိုင် စီးပွားရေး ဖြစ်သည့် အိတ်ချုပ်သင်တန်း၊ Eco print  (အီကိုပရင့်) သင်တန်း၊ခြင်းတောင်းယက်နည်းသင်တန်းများကိုလည်း အချိန်တိုအတွင်း သင်ကြားပေးနိုင်ခဲ့ကြောင်း ပြေကြားခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား များဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က သင်တန်းသူ/သားများကိုယ်စား သင်တန်းသူနှစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြင့်ခဲ့ပါတယ်။

          ၎င်းနောက် တက်ရောက်လာကြသူများမှ သင်တန်း/သူများ ပြုုလုပ်ထားသော ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR