လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီး ကျေးရွာအုပ်စု၊ အောက်ရွာကြီးကျေးရွာ၊ ဝက်သေကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာနှင့်‌ မကျီးကုန်းကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၆) ရွာတို့တွင် (၂၀-၁၀-၂၀၂၅) ရက်နေ့ ဖြစ်ပွားခဲ့သောလေဘေးကြောင့် လုံးဝပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀၀၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၀၀၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၇၃၀၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၄) အိမ်ထောင်စာတို့အား (၂၁-၁၀-၂၀၂၅)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဌ၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာ၀န်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများအားလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR