၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် (၃.၇.၂၀၂၂) ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးတိုင်းဦးစီးမှူးများ၊ခရိုင်/ မြို့နယ်/ ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ဝင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်၊ အမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၃၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ရန်ကုန်မြို့ အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းတွင် (၉.၅.၂၀၂၂) ရက်နေ့မှ (၁၃.၅.၂၀၂၂) ရက်နေ့ထိ ကျင်းပခဲ့သော ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိခဲ့ကြသည့် တောင်ငူအိမ်တွင်းမှု သက်မွေးသင်တန်းကျောင်းမှ နည်းပြ (၂) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ (၃) သိန်းစီ ပေးအပ်ခဲ့ပြီး  သက်ငယ်မုဒိမ်း အသိပညာပေးပြဇာတ်၊ လူကုန်ကူးခြင်းခံရသူအကြောင်း မျှဝေသည့် ပြဇာတ်စသည့် ပဲခူးတိုင်းဒေသကြီးအတွင်းဖြစ်ပွားသော ဖြစ်ရပ်မှန်ဇာတ်လမ်းများကို အသိပညာပေးပြသခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဖွဲ့လျှင် (၅) သိန်းစီ ချီးမြှင့်ခဲ့ပါသည်။ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် တောင်ငူအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ခင်းကျင်းထားသည့် ကျောင်းသူများ၏လက်ရာများ၊ ဓာတ်ပုံပြခန်းများ၊ မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် (၂၆.၆.၂၀၂၂) ရက်နေ့တွင် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်၌ ကျင်းပခဲ့သော Zumba Dance ကပြနေမှု Video များအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR