လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်း မြခရိုင်၊ မြောင်းမြမြို့နယ်၊ လူတော်ကျေးရွာအုပ်စု၊ လူတော်ကြီးကျေးရွာနှင့် ကညင်ဂဲကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာတို့၌ (၂၇-၅-၂၀၂၅)ရက်နေ့နှင့် ကြာဖူးငုံလက်ပံကျေးရွာအုပ်စုနှင့် အမှတ်(၁၀) ရပ်ကွက်တို့၌(၂၈-၅-၂၀၂၅)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့်  လေပြင်းဘေးကြောင့် (တစ်စိတ်တစ်ပိုင်း ပျက်စီး/ ပြိုကျပျက်စီး)ခဲ့သော လူနေအိမ်(၉) လုံးအတွက်အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၅၀,၀၀ဝိ/-)၊  အိမ်ထောင်စု(၉)စုမှ ဘေးသင့်ပြည်သူ(၃၆)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၈၀,၀၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၉၃၀,၀၀၀ိ/-)၊ တန်ဖိုး (၁၀၇၆၇၈/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (စက္ကူပုံး)ပါ(၆)ပုံးတို့အား (၂၉-၅-၂၀၂၅)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR