ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် လိုက်ပါလျက် (၅-၂-၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီးစစ်တွေမြို့တွင် အခြေပြု၍ တာဝန်ထမ်းဆောင်နေသော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးကမိမိတို့ဌာနအနေဖြင့် ထိခိုက်လွယ် အုပ်စုဝင်များနှင့် ဘေးဒုက္ခတစ်မျိုးမျိုးကြောင့် ထိခိုက်ခံစားနေရသူများအားနိုင်ငံတော်ကိုယ်စားကူညီထောက်ပံ့နေရခြင်းဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်ပျော်ရွှင်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ လတ်တလောတွင် Quick Win Project အနေဖြင့် အခြေခံပညာကျောင်းများတွင် မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်အခွင့်အရေး၊  သဘာဝဘေးနှင့် မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရသည့်အတွက် ပါဝင်ဆောင်ရွက်ကြသည့် အရာထမ်း၊ အမှုထမ်းများအားဂုဏ်ပြုကျေးဇူးတင်စကားပြောကြားလိုပါကြောင်း၊ ပြည်သူသို့ဝန်ဆောင်မှုပေးရာတွင် e-Government စနစ်ကိုအသုံးချနိုင်ပါကပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့ဌာနအနေဖြင့် လူမှုရေးဆိုင်ရာသတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်(SMIS) ကိုအကောင်အထည်ဖော်နေပြီဖြစ်ရာဝန်ထမ်းများအနေဖြင့် တိုးတက်လာသောနည်းပညာရပ်များကိုလက်လှမ်းမီအသုံးချနိုင်ရေးကြိုးစားကြစေလိုကြောင်းတိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေး က ဌာနမှ ချမှတ်ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊ သိုလှောင်ရုံစီမံခန့်ခွဲမှု၊ ထောက်ပံ့မှုနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလေ့ကျင့်ပြင်ဆင်မှုကဏ္ဍရပ်များတွင် အရာထမ်း၊ အမှုထမ်းများ၏ အဆင့်အလိုက်အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသောအကြံပြုချက်များကိုမူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများအားရှင်းလင်ဆွေးနွေးခဲ့ပြီးတက်ရောက်လာသည့် ပြည်နယ်ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများကပြည်ထောင်စုဝန်ကြီးအား တစ်ဦးချင်းမိတ်ဆက်ကာတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးကပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်နယ်ဦးစီးမှူးရုံး (၄)ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာနှင့် စက်ရုံစုရပ်ကွက်ရှိပြည်နယ်အဆင့် အိမ်ထောင်စု(၅၀၀၀)စာကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအသစ်တည်ဆောက်မည့် မြေနေရာအားသွားရောက် ကြည့်ရှုစစ်ဆေးကာလိုအပ်ချက်များအားလမ်းညွှန်မှာကြားခဲ့ပါသည်။

အလားတူ (၆-၂-၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစံရွှေမောင် လိုက်ပါလျက် စစ်တွေမြို့ ကလေးပြုစုရေးဌာနသို့ ရောက်ရှိကြရာတာဝန်ခံကျောင်းအုပ်ကအကြောင်းအမျိုးမျိုးကြောင့် လူမှုရေးချို့တဲ့နေသည့် ကလေးသူငယ်များအားရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနည်းစနစ်များနှင့်အညီအသက်အရွယ်အလိုက် ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရေးပြုစုပျိုးထောင်ပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီးပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် ကလေးသူငယ်များကိုတစ်ဦးချင်းနှုတ်ဆက် အားပေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်များအတွက် ပဲနို့နှင့် ပေါင်မုန့်များဝေငှပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကကလေးသူငယ်တစ်ဦးချင်းစီ၏အနာဂတ်ကောင်းမွန်စေရေးအတွက် ၎င်းတို့၏ဝါသနာနှင့် စိတ်ပါဝင်စားမှုအပေါ်ဂရုတစိုက်လေ့လာ၍ ဆက်စပ်ဝန်ကြီးဌာနများ မှ ဖွင့်လှစ်လျက်ရှိသည့် ကျောင်းများသို့ ပို့အပ်၍ အတန်းပညာနှင့် အတတ်ပညာများသင်ယူလေ့လာနိုင်စေရေးအတွက် လိုအပ်ပါကကလေးပြုစုရေးဌာနများအနေဖြင့် အခြေခံပညာမူလတန်းအဆင့်ထက်ကျော်လွန်၍ ဆဌမတန်းပြီးမြောက်သည်အထိသင်ကြားပေးနိုင်ရေးဆောင်ရွက်သွားရန်တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR