အောက်တိုဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိဘရူနိုင်းနိုင်ငံ၊ဘန်ဒါဆရီဘီဂါဝမ်မြို့၌ကျင်းပပြုလုပ်လျက်ရှိသည့်(၁၂)ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM)နှင့်ဆက်စပ်အစည်းအဝေးများသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်ပါဝင်တက်ရောက်လျက်ရှိရာ အောက်တိုဘာလ(၂၄)ရက်နေ့၊ နေ့လည်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံက အာရှပစိဖိတ်ဒေသ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဖိုရမ်ကျင်းပပြီးစီးခဲ့မှုအခြေအနေကိုလည်းကောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်နေမှုအခြေအနေကိုလည်းကောင်း၊ AHA Centre က ၂၀၂၄ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာသတင်းအချက်အလက်မျှဝေမှုကိစ္စရပ်များ၊ အာဆီယံအရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဌာန (Emergency Operation Center-EOC)နှင့် အာဆီယံနိုင်ငံများရှိ EOC  များချိတ်ဆက်မှုလေ့ကျင့် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊  ဖိလစ်ပိုင်နိုင်ငံ၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ လူသားချင်းစာနာမှုအကူအညီထောက်ပံ့ပစ္စည်းများ ပေးပို့နိုင်ခဲ့မှုအခြေအနေများ၊ အာဆီယံသိုလှောင်ရုံများသို့ ထောက်ပံ့ပစ္စည်းများ ဖြည့်ဆည်းရန်စီမံထားရှိမှုများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်ပါလုပ်ငန်းများ အကောင်အထည်ဖေါ်ရေးစီမံချက် လုပ်ငန်းအဖွဲ့(၃)ခု၏ အစည်းအဝေးများ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ်များ ဖေါ်ဆောင်နိုင်မှု အခြေအနေများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများက ထည့်ဝင်ခဲ့ကြသော နှစ်စဉ်ကြေးသုံးစွဲမှုငွေစာရင်း ရှင်းတမ်းနှင့် သုံးစွဲမှုအခြေအနေများ၊ စာရင်းစစ်ဆေးမှုအခြေအနေများ၊ သြစတြေးလျ၊ ကနေဒါ၊ ဥရောပယူနီယံ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုးရီးယား၊ အမေရိကန်၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ အီတလီ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများဖြစ်သည့် DHL, MRC, ADRC, HELP Logistics, International RCRC Movement, JICA, PDC တို့ထံမှ ထောက်ပံ့ငွေများ၊ အကူအညီများ ရရှိ/သုံးစွဲမှု အခြေအနေ များ၊ ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းများ၊  AHA Centreနှင့် နားလည်မှုစာချွန်လွှာရေးထိုးရန် ဆောင်ရွက်နေမှုအခြေအနေများကို AHA Centre က ရှင်းလင်းတင်ပြကာ အဖွဲ့ဝင်နိုင်ငံ ဝန်ကြီးများက ဆွေးနွေးအတည်ပြုကြပါသည်။

ဆက်လက်၍အာဆီယံနှင့်တရုတ်နိုင်ငံဘေးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကိုကျင်းပရာ အိမ်ရှင်ဘရူနိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးနှင့် တရုတ်နိုင်ငံ အရေးပေါ် အခြေအနေစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က ပူးတွဲဥက္ကဌများအဖြစ် ဆောင်ရွက်ကြပြီး အာဆီယံ-တရုတ် အရေးပေါ်စီမံအခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန ထူထောင်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံဖက်သို့ ပေးပို့ထားရှိမှု၊ အာဆီယံနှင့် တရုတ် နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် AADMER Work Program အကောင်အထည်ဖေါ်ရေး လုပ်ငန်းစီမံချက်နယ်ပယ်(၂၃)ခုဆောင်ရွက်နေမှုအခြေအနေများ၊အာဆီယံ-တရုတ်ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ချိတ်ဆက်လျှော့ချရေးမူဘောင် ရေးဆွဲနေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ပြီး ဘရူနိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးနှင့် ဂျပန်နိုင်ငံ၊ကက်ဘိနက်ရုံး ဒုလက်ထောက်ဝန်ကြီးတို့ကပူးတွဲဥက္ကဌများအဖြစ်ဆောင်ရွက်သည့် အာဆီယံ-ဂျပန် ‌ဘေးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ကျင်းပကာ အာဆီယံ-ဂျပန် ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းနယ်ပယ်များကိုလည်းကောင်း၊ကိုရီးယားနိုင်ငံနှင့်လည်းသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေးကိုသီးခြားစီကျင်းပခဲ့ပြီးအာဆီယံ-ကိုးရီးယား ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၂၄ ခုနှစ်အတွင်းဆောင်ရွက်ပြီးစီးခဲ့မှုများ နှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ၊ထုတ်ပြန်ကြေငြာမည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေငြာချက်များတို့နှင့် စပ်လျဉ်း၍အပိုင်းအလိုက်၊အခန်းကဏ္ဍအလိုက်ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၏ရှေ့မှောက်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်ပါ လုပ်ငန်းများအကောင်အထည်ဖေါ်ရေးစီမံချက် AADMER Work Program အကောင်အထည်ဖေါ်နိုင်ရန် အန္ဒိယနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ ဥရောပသမဂ္ဂ တို့နှင့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ ကော်မတီကိုယ်စား AHA Centre တို့ နားလည်မှုစာချွန်လွှာများ အသီးသီးလက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေး၏ဆက်စပ်အစည်းအဝေးများဖြစ်သောအာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၄၅)ကြိမ်မြောက်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကိုဝန်ကြီးများအဆင့် အစည်းအဝေးမတိုင်မီ အောက်တိုဘာလ (၂၀) ရက်နေ့မှ(၂၃)ရက်နေ့အထိ ဘရူနိုင်းနိုင်ငံ၌ပင် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်နှင့်ကိုယ်စားလှယ်အဖွဲ့ကပါဝင်တက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံ၏သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊  အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR