လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဦးအောင်ထွန်းခိုင်သည် (၁၂.၆.၂၀၂၂)ရက်နေ့မှ (၁၅.၆.၂၀၂၂) ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းဝန်ကြီးဌာနလက်အောက်ရှိပြည်နယ်ဦးစီးမှူးရုံးများနှင့် ဌာနငယ်/သင်တန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသိုလှောင်ရုံများအားစစ်ဆေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

(၁၂.၆.၂၀၂၂) ရက်နေ့ စစ်တွေမြို့ရှိဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးကနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုများကိုလိုက်နာကြရန်လိုအပ်ကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများဖတ်ရှုကြရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အားမှတ်သားလိုက်နာကြရန်၊ တိုင်းရင်းသားဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများဖြစ်ကြသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအလေးထားဆောင်ရွက်ကြရန်၊ မိမိတို့၏ အရည်အချင်းများအားအမြဲတမ်းတိုးတက်နေအောင်ဆောင်ရွက်ကြရန်နှင့် အရည်အချင်းပြည့်ဝပြီးလုပ်ငန်းကျွမ်းကျင်သောဝန်ထမ်းများဖြစ်လာစေဖို့ ကြိုးစားကြရမည်ဖြစ်ကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

(၁၃.၆.၂၀၂၂) ရက်နေ့ နေ့လည်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေပြည်နယ်ဦးစီးမှူးရုံးရှိသိုလှောင်ရုံအားကြည့်ရှုစစ်ဆေးကာထောက်ပံ့ရေးပစ္စည်းများအားအလေအလွင့်မရှိဂရုတစိုက်ထိန်းသိမ်းရန်၊ ဘေးအန္တရာယ်များဖြစ်ပွားလာပါကထောက်ပံ့ရေးပစ္စည်းများအားအမြန်ဆုံးထောက်ပံ့နိုင်ရေးဆောင်ရွက်ထားရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနစစ်တွေမူလတန်းကြိုကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာကျောင်းသို့ ရောက်ရှိစစ်ဆေးခဲ့ပြီးအခြေခံ ECCD အခမဲ့တစ်လသင်တန်းမှ သင်တန်းသူများအားကလေးသူငယ်ဘဝဖွံ့ဖြိုးရေးအကြောင်းဆွေးနွေးပြောကြားပြီးလိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ (၁၄.၆.၂၀၂၂) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အမ်းမြို့နယ်လူမှုဝန်ထမ်းရုံးနှင့် အမ်းမူလတန်းကြိုကျောင်းများအားကြည့်ရှုပြီး အမ်းမူလတန်းကြိုကျောင်းတွင် ကလေးအားကစားကွင်းတည်ဆောက်နိုင်ရေး၊ ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအားမှာကြားခဲ့ပါသည်။

ထို့နောက် (၁၅.၆.၂၀၂၂) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမ်းမြို့နယ်ရုံးယာယီနေရာနှင့် သိုလှောင်ရုံတို့ကိုကြည့်ရှုစစ်ဆေးပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR