ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI)မွမ်းမံသင်တန်း (ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ၂၉-၉-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာနည်းပြများ၊တိုင်းဒေသကြီး/ပြည်နယ်များမှသင်တန်းသား/သူများတက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ ကလေးသူငယ်များအားလုံးအသက်အရွယ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန်ရည်ရွယ်၍ မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ မဟာဗျူဟာစီမံချက်နှင့် ဥပဒေ၊ နည်းဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ မွေးစကလေးငယ်များနှင့် အသက် ၅ နှစ်အောက် ကလေးသူငယ်များ၏ဖွံ့ဖြိုးမှုနှင့်စပ်လျဉ်းပြီးတိုးတက်မှုသိသိသာသာနှောင့်နှေးခြင်း၊မသန်စွမ်းဖြစ်ခြင်းစသည့် တွေ့ရှိချက်များအရ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(Early Childhood Intervention-ECI) ဝန်ဆောင်မှုများ ရရှိနိုင်စေရန် နည်းပညာဆိုင်ရာလက်လှမ်းမီနိုင်မှုမှသည် ကျွမ်းကျင်သူများမွေးထုတ်ရေးအထိ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မွေးစမှအသက် (၅)နှစ်အရွယ်ရှိကလေးသူငယ်များအတွက် ဖွံ့ဖြိုးတိုးတက်နိုင်ခြေရှိသည့်အလားအလာများကိုအပြည့်အဝရရှိရန်နှင့်မသန်စွမ်းဖြစ် ခြင်းကိုလျှော့ချနိုင်စေရန်အရည်အသွေးမြင့်မားသည့်ECIဝန်ဆောင်မှုများရရှိနိုင်ရေးကိုအလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်းကလေးသူငယ်အဖြစ်မွေးဖွားခြင်းကိုလျှော့ချနိုင်စေရေးအတွက်မမွေးဖွားမီနှင့်မွေးဖွားချိန်တွင် စိတ်ချရသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်အတူပြည်သူများအတွက်ECIအသိပညာများရရှိစေရန်တစ်ဖက်တစ်လမ်းကပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊တိုင်းဒေသကြီး/ပြည်နယ်များမှသင်တန်းသား/သူများအနေဖြင့်သင်တန်းမှပို့ချပေးသည့်ဘာသာရပ်များကိုကြိုးစားလေ့လာသင်ယူပြီးမိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချခြင်းဖြင့် ကလေးသူငယ်၊ မိသားစု၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးသည်နိုင်ငံတစ်နိုင်ငံတွင် အဓိကအရေးကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သည့်အတွက် မိမိတို့၏ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ECI ဝန်ဆောင်မှုများရရှိခြင်းဖြင့်ကလေးသူငယ်များ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူမိသားစုဘဝသာယာပျော်ရွှင်စေခြင်းနှင့် လူမှုပတ်ဝန်းကျင်အတွက် ကောင်းကျိုးများရရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခြင်းကြောင့်နိုင်ငံအတွက်မရှိမဖြစ်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များမှာ ECIဆိုင်ရာ အသိပညာပေးများ၊ သင်တန်းများ၊ စစ်ဆေးမှုများ၊ ဝန်ဆောင်မှုများ ရရှိစေရေးအတွက်နှစ်စဉ်စီမံကိန်းများချမှတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။

ထို့နောက်သင်တန်းသား/သင်တန်းသူများက မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၉-၉-၂၀၂၅ ရက်နေ့မှ ၃-၁၀-၂၀၂၅ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုမှ သင်တန်းသား/သူ ၄၅ ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR