လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြန်မာ နိုင်ငံကြက်ခြေနီအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  (၁၁-၅-၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီအချိန်၌ ထားဝယ် မြို့နယ်၊ လူစည်ကားရာ စည်ပင်သာယာဈေးကြီးလမ်းဆုံနှင့် ဥတ္တားကြီးလမ်းဆုံအနီးတဝိုက်ရှိ ဒေသခံ ပြည်သူများ အား ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ခြင်းနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR