ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် (၁၂.၅.၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေး (နည်းပြ) သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက Online မှတစ်ဆင့် သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနသည် လူမှုရေးအရထိခိုက်ခံစားနေရသော ကလေး သူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနဲ့ သက်ကြီးရွယ်အိုများအပေါ် လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်ပေးမှုများ၊ လူမှုရေးဝန်ဆောင်မှုများနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံနေကြတဲ့ မိမိတို့ ဝန်ထမ်းများအနေနဲ့ မတူကွဲပြားမှုတွေအပေါ်မှာ လိုက်လျောညီထွေ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါကြောင်း၊ မတူကွဲပြားမှုဆိုတဲ့နေရာမှာ လူတစ်ဦးနဲ့တစ်ဦး ကျား၊ မ၊ လူမျိုး၊ ဘာသာ၊ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ သင်ကြားခဲ့ရတဲ့ဘာသာရပ်များ မတူညီကြသလို စိတ်ခံစားမှုနဲ့  ခံယူချက်အမျိုးမျိုးလည်း ရှိကြပါကြောင်း၊ ဝန်ထမ်းများအနေနဲ့ မတူကွဲပြားတဲ့ လူမှုပတ်ဝန်းကျင်က ပြည်သူအများနဲ့ပြောဆိုဆက်ဆံရာမှာ လူမှုသဟဇာတသဘောတရားများ ကို ကောင်းစွာသိရှိနားလည်ထားဖို့ အင်မတန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုး အတူယှဉ်တွဲနေထိုင်ကြတဲ့ မိမိတို့နိုင်ငံအနေနဲ့ ဒီလိုလူမှုသဟဇာတဖြစ်စေဖို့ လူမှု ပေါင်းစည်းရေးလုပ်ငန်းများဆောင်ရွက်ကြတဲ့နေရာမှာ Positive Thinking ဖြစ်တဲ့ အကောင်း မြင်စိတ်က အရေးကြီးသလို၊ အမုန်းစကားများပြောဆိုခြင်းကိုရှောင်ကြဉ်ဖို့၊ တစ်ဦးတစ်ယောက် ရဲ့အခက်အခဲကို ကျန်သူများအနေနဲ့ စာနာနားလည်တတ်ဖို့ဟာလည်း အရေးကြီးပါကြောင်း၊ ဒါ့အပြင်မှန်ကန်တဲ့၊ ရှင်းလင်းပြတ်သားတဲ့ သတင်းအချက်အလက်များရရှိမှုဟာလည်း လူမှု သဟဇာတဖြစ်စေဖို့ အရေးပါတဲ့အကြောင်း အရင်းတစ်ရပ်ဖြစ်တယ်ဆိုတာ အားလုံးနားလည် ထားကြဖို့လိုအပ်ပါကြောင်း၊ ကလေးသူငယ်များကို မူကြိုအရွယ်မှစတင်၍ လူမှုသဟဇာတ ဆိုင်ရာအတွေးအမြင်၊ အယူအဆများ ထည့်သွင်းပေးလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းတဲ့ လူမှု ပတ်ဝန်းကျင်တစ်ရပ်ပေါ်ထွန်းဖို့ အထောက်အပံ့ပေးနိုင်တဲ့အတွက် မူလတန်းကြိုကျောင်းများ တွင် လူမှုသဟဇာတဆိုင်ရာ သီချင်းများ၊ ကဗျာများ၊ ပုံပြင်များကို ထည့်သွင်းသင်ကြားဖို့ အထူးမှာကြားလိုပါကြောင်း၊  ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာ နှစ်မှာ မိမိတို့ဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှာ လူမှုသဟဇာတနှင့် လူမှုပေါင်း စည်းရေးသင်တန်း (၂၄) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး (၇၂၇) ဦးကို အသိပညာဖြန့်ဝေနိုင်ခဲ့၍ စီမံကိန်းအရ ရာနှုန်းပြည့် ဆောင်ရွက်နိုင်သော်လည်း တစ်နိုင်ငံလုံးအတွက်မူလွှမ်းခြုံနိုင်မှု အားနည်းနေသေးကြောင်း၊ ဒီအတွက် ယခုနည်းပြသင်တန်းကိုဖွင့်လှစ်ပြီး နည်းပြများများ မွေးထုတ်ရန်စီစဉ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းဆင်းဝန်ထမ်းများအနေနဲ့ မိမိတို့ရပ်ရွာဒေသမှာ ဖွင့်လှစ်မယ့် ဆင်ပွား သင်တန်းများမှတစ်ဆင့် ရပ်ရွာပြည်သူလူထုအတွင်း တတ်စွမ်းသမျှ ထပ်ဆင့်အသိပညာပေးကာ ပညာရပ်များကို အကျိုးရှိရှိပြန်လည်အသုံးချဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပိုမိုမြှင့်တင်ဖော်ဆောင်ကြဖို့လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

            ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းသားတစ်ဦးချင်းအလိုက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

         

 
အဆိုပါသင်တန်းအား (၈.၅.၂၀၂၃) ရက်နေ့မှ (၁၂.၅.၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဌာနဝန်ထမ်းများ၏ အရည်အသွေးနှင့် လူမှုသဟဇာတပညာရပ်ဆိုင်ရာခံယူချက်၊ အသိပညာများပြည့်ဝလာပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းတစ်ရပ်ဖော်ဆောင်နိုင်မည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR