လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယနေ့နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများနှင့် အဆောင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် မသက်ဆိုင်သူများ ဝင်ရောက် နေထိုင်မှုမရှိစေရေး စိစစ်ကြပ်မတ်ရန်၊ ဧည့်သည်များလာရောက်ပါက စနစ်တကျဧည့်စာရင်းတိုင်ကြားရန်နှင့် အုပ်ချုပ်ရေးမှူးရုံးမှ ချမှတ်ထားသော စည်းကမ်းများအတိုင်းလိုက်နာရန်၊ ဝန်ထမ်းအိမ်ရာနှင့် အဆောင်နေထိုင်သူများအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်ရန်၊ သန့်ရှင်းသပ်ရပ်ပြီး နေချင်စဖွယ်ဖြစ်စေရန်နှင့် ခြင်အန္တရာယ်ကင်းဝေးစေရန်အတွက် အုပ်ဆိုင်းနေသော အပင်များအား အလင်းဖွင့်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းစေရန် ဆောင်ရွက်ခြင်းများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ဝန်ထမ်းအိမ်ရာများတွင် အဆင့်အတန်းမြင့်မြင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်နိုင်ရေးအတွက်  အိမ်ရာသန့်ရှင်းရေးအား ပူးပေါင်းဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးအလေးထား လိုက်နာနေထိုင်ကြရန် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများအတိုင်း လိုက်နာနေထိုင်ကြရန်နှင့် ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် လုံခြုံရေးအသိ လုံခြုံရေးသတိရှိရှိ နေထိုင်သွားကြရန်တို့ကို တာဝန်ရှိသူများအား  မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အိမ်ရာကြီးကြပ်သူ တိုက်တာဝန်ခံများ၊ နေထိုင်သူဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အိမ်ရာအလိုက် ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR