လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရှင်မင်းဒွေကျေးရွာအုပ်စု၊ ရှင်မင်းဒွေကျေးရွာ(ကွက်သစ်) ၌ (၂၁-၉-၂၀၂၁) ရက်နေ့၊ (၀၃း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် သက်တော်ရှည်၊ သက်တော်ရချောင်းနှင့် သရက်ကန်နှင့် ပေါက်တော်ကျေးရွာတို့မှလာသော ရေဆိုး ထုတ်ချောင်းတို့မှ ရေများဝင်ရောက်သဖြင့် ရှင်မင်းဒွေဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ (၇၆) စုမှ လူဦးရေ (၂၇၅) ဦးတို့တွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၇၇,၅၀၀/-) ကျပ်တို့အား (၂၄-၉-၂၀၂၁) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ခင်းဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ဘေးသင့်ပြည်သူ များထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



Source: DDM


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR