လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Gender/CEDAW/AGMSF/ NSPAW/UNSCR 1325အသိပညာပေးသင်တန်းအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၅)ခုမှသင်တန်းသားကိုယ်စားလှယ်အရာထမ်း၊အမှုထမ်းများ၊လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်းသင်တန်းသား၊ သင်တန်းသူများစုစုပေါင်း (၃၅)ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဖြစ်၍အရေးကြီးပါကြောင်း၊နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံလူဦးရေထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်မှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ပြည့်စုံမှုရှိနိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသမီးအခွင့်အရေးများကာကွယ်စောင့်ရှောက်ခြင်း၊အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့်အခွင့်အလမ်းများတန်းတူခံစားရရှိနိုင်စေခြင်းသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များသို့အလျင်အမြန်အရောက်လှမ်းနိုင်ရန်အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါကြောင်း၊အမျိုးသမီးများ၏ လူမှုဘဝတွင်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများ၊ထိပါးနှောက်ယှက်မှုများ၊အလွဲသုံးမှုများ၊  ခွဲခြားနှိမ့်ချမှုများ လျော့နည်းပပျောက်စေရေးဆောင်ရွက်နိုင်ရန် မီဒီယာကဏ္ဍသည်  အရေးပါသည့်နယ်ပယ်တစ်ခုဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်းနယ်ပယ်(၁၂)ရပ်တွင် အမျိုးသမီးနှင့်မီဒီယာလုပ်ငန်းနယ်ပယ်တစ်ခုပါဝင်ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Focal အဖြစ်တာဝန်ယူထားပါကြောင်း၊ ယနေ့သင်တန်းကိုအမျိုးသမီးအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကိုပိုမိုသိရှိနားလည်၍စွမ်းဆောင်ရည်မြင့်မားရေး၊ ကဏ္ဍစုံမှာကျား၊မဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက် ၀န်ကြီးဌာနများအချင်းချင်းပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းစေရန်နှင့် သက်ဆိုင်ရာဌာနများတွင် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များတွင်  Gender Mainstreaming ကိုအကောင်အထည်ဖော်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှရရှိသည့်ဗဟုသုတများဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှချမှတ်ဆောင်ရွက်လျက်ရှိသည့် ပင်မလုပ်ငန်းအစီအစဉ်များ၊စီမံကိန်းများတွင် ကျား၊မရေးရာအမြင်ဖြင့်အလေးထားဆောင်ရွက်သွားကြရန်၊အမျိုးသမီးများအနေဖြင့် မီဒီယာနှင့်သတင်းအချက်အလက်အသုံးပြုပြီးစွမ်းဆောင်ရည်တိုးတက်မြင့်မားကာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါကြောင်း၊ယခုဖွင့်လှစ်သောသင်တန်းကရရှိသည့်ဗဟုသုတ၊အသိပညာများကိုလက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသား/သင်တန်းသူများက မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီးသင်တန်းကို ညနေ(၀၆:၀၀)နာရီတွင် ပြီးမြောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR