(၁၁)  ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th ASEAN Senior Officials Meeting on Youth) နှင့် (၁၀) ကြိမ်မြောက်အာဆီယံ+၃ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (10th ASEAN Plus Three Senior Officials Meeting on Youth) တို့ကို စက်တင်ဘာ ၂၃ မှ ၂၄ အထိ မလေးရှားနိုင်ငံမှ အိမ်ရှင် နိုင်ငံအဖြစ်တာဝန်ယူ၍ Video Conferencing စနစ်ဖြင့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါဖွင့်ပွဲအခမ်းအနားတွင်  အာဆီယံလူငယ် ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ (SOMY) အစည်းအဝေး၏ ပူးတွဲသဘာပတိအဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး စုပေါင်းဓာတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက ကိုဗစ်-၁၉ ကာလအတွင်း စေတနာ့ဝန်ထမ်းလူငယ်များ၏ တက်ကြွစွာပူးပေါင်းပါဝင်မှုအခြေအနေများ၊ အာဆီယံလူငယ် ဆိုင်ရာအညွှန်းကိန်းများအစီအစဉ်(၂) တွင် ပါဝင်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အာဆီယံလူငယ်ဆိုင်ရာ ရန်ပုံငွေထည့်ဝင်နိုင်မှုနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်ထားရှိမှု၊ အထူးအလေးပေးရမည့် လူငယ်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅) တွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်မည့်အစီအစဉ်များနှင့် အာဆီယံ+၃ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်မှုအခြေများအား ဆွေးနွေးခဲ့ပါသည်။


(၁၁) ကြိမ်မြောက်အစည်းအဝေး

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် လက်ရှိအာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ အိမ်ရှင်ဖြစ်သည့် မလေးရှားနိုင်ငံ၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ H.E Ms. Ramona Mohd Razali နှင့် ပူးတွဲသဘာပတိအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးတို့က ဆောင်ရွက်ကြပြီး အစည်းအဝေးတွင် (၁၀) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ အာဆီယံလူငယ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) နှင့် အာဆီယံလူငယ်ဆိုင်ရာအညွှန်းကိန်းများအစီအစဉ် (၂)၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြ ပါသည်။

ဆက်လက်၍   အာဆီယံလူငယ်ဆိုင်ရာ  ဆက်စပ်အဖွဲ့အစည်းများအလိုက်    လက်ရှိ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံများမှ အာဆီယံ လူငယ်ဆိုင်ရာ ရန်ပုံငွေထည့်သွင်းထားရှိမှုအခြေအနေများနှင့် (၁၂) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ အား ဆွေးနွေးခဲ့ကြပြီး  (၁၀) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာတို့အား ပြင်ဆင်ခဲ့ကြပါသည်။

(၁၀) ကြိမ်မြောက် အာဆီယံ+၃ အစည်းအဝေး - (၁၀)ကြိမ်မြောက်အာဆီယံ+၃ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်း အဝေး (10th ASEAN Plus Three Senior Officials Meeting on Youth) ကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ဆက်လက်ကျင်းပရာ အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံတို့၏ လူငယ်ဆိုင်ရာ အဆင့် မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အာဆီယံ+၃ လူငယ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အာဆီယံ+၃ လူငယ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အပေါ် အကောင် အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများနှင့် လူငယ်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

တာဝန်ရှိသူများတက်ရောက်

အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံ+၃ နိုင်ငံများမှ လူငယ်ဆိုင်ရာအဆင့် မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံလူငယ်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR