၂၀၂၅ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီက ကြီးမှူး၍ (၈.၃.၂၀၂၅) ရက်၊ နံနက်(၀၉:၀၀)နာရီတွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ (MCC) တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီးအမျိုးသမီ ကော်မတီဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်(၁၄)ခရိုင်၊ မြို့နယ်(၄၄)မြို့နယ်မှ  အမျိုးသမီးကော်မတီ ဥက္ကဌများနှင့် ဇနီးများ၊ နိုင်ငံတကာပြိုင်ပွဲများနှင့် ကဏ္ဍအသီးသီးတွင် ဆုရရှိသော ထူးချွန်အမျိုးသမီးများ၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို Miss Yangon 2025 ပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင်  ဆုရကျောင်းသူများနှင့် အုပ်ထိန်းသူများ စုစုပေါင်း (၆၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး   UN Message Video Clip ပြသခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အဖွဲ့အစည်းများ၏ အောင်မြင်တိုးတက်မှုများ Documentry Video Clip ပြသခြင်း၊ ဆက်လက်ပြီး ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ  ဖျော်ဖြေရေးအစီအစဉ်များဖြင့်  ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပါသည်။ 

     ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို နိုင်ငံတကာပြိုင်ပွဲများနှင့် ကဏ္ဍအသီးသီးတွင် ဆုရရှိသော ထူးချွန်အမျိုးသမီးများ၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို Miss Yangon 2025 ပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရှိသူများနှင့် ဖျော်ဖြေရေး အစီအစဉ်တွင်ပါဝင်သည့် အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပါ သည်။

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်  ဓါတ်ပုံပြခန်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ 












နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR