၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၈) ရက်တွင် ကျင်းပပြုလုပ်သည့် "အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက် တာလှုပ်ရှားမှု" အထိမ်းအမှတ် အခမ်းအနားအား ရှမ်းပြည်နယ် အမျိုးသမီးကော်မတီမှကြီးမှူး၍ (၈.၁၂.၂၀၂၄)ရက်၊ နံနက်ပိုင်း (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တကွ ပြည်နယ်အဆင့် အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၃၀)ဦးခန့်တို့ တက်ရောက်ခဲ့ပြီး "အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု" အထိမ်းအမှတ်  Video Clip ပြသ၍ အခမ်းအနားကို နံနက်ပိုင်း (၀၉း၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။






နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR