လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမင်းသိဏ်းသည် (၇-၆-၂၀၂၅)ရက်နေ့၊ ညနေပိုင်းတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)သို့ ရောက်ရှိပြီး ရုံးလုပ်ငန်းဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်သည် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)ရှိ ယခင်ရုံးအဟောင်းအဆောက်အဦ၊ သင်တန်းသားအိပ်ဆောင်နှင့် Drug Rehabilitation Training Center (၃)ထပ်ခွဲဆောင်အတွင်းရှိ ရုံးခန်းများ၊ စာရွက်စာတမ်းများဖိုင်တွဲ ထိန်းသိမ်းထားရှိမှုအခြေအနေ၊ နေ့စဉ် ရေသုံးစွဲမှုနှင့် သင်တန်းသားအရေအတွက်ပေါ်မူတည်၍ သန့်စင်ခန်းများ လုံလောက်မှု ရှိ/မရှိ အခြေအနေ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်ရမည့် အဆောက်အဦ အတွင်းပိုင်း/အပြင်ပိုင်းများ၏ အခြေအနေများ၊ လှူဒါန်းထားသောအားကစားပစ္စည်းများ၊ အခြားလှူဒါန်းပစ္စည်းများ ထိန်းသိမ်းထားရှိ မှုနှင့်မော်တော်ယာဉ်ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် စခန်း ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ အဆောက်အဦအား အသုံးပြုချိန်တွင် စနစ်တကျ ထိန်းသိမ်း သွားရန်၊ ပြုပြင်ထိန်းသိမ်းရမည့်လုပ်ငန်းများအား စိစစ်တင်ပြသွားရန်၊ ရေသုံးစွဲမှုနှင့် သန့်စင်ခန်း     လုံလောက်မှု ရှိ/မရှိ အခြေအနေများ ပြန်လည်တင်ပြသွားရန်၊ စခန်းအတွင်း/အပြင် သန့်ရှင်းရေး ကောင်းမွန်စွာဆောင်ရွက်ရန်၊ စနစ်တကျမွေးမြူခြင်း မဟုတ်သည့် တိရိစ္ဆာန်မွေးမြူမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR