၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၊ (၃) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း နှင့် အခမ်းအနားကျင်းပရေးဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

               ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို နှစ်စဉ် ဒီဇင်ဘာ (၃) ရက်နေ့တွင် ကျင်းပလျှက်ရှိ ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့်လည်း ထိခိုက်လွယ်အုပ်စုများ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းကို ဆောင်ရွက်နေရာ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ သည် အရေးပါသည့်နေ့တစ်ခုဖြစ်ပါကြောင်း၊  အခမ်းအနားသို့ နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်ကြမည်ဖြစ်သဖြင့် ဧည့်သည်တော်များဖိတ်ကြားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ကြိုဆိုဧည့်ခံနေရာချထားရေး၊ နှင့် သတင်းထုတ်ပြန်နိုင်ရေးတို့ကို ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် စကားဝိုင်းဆွေးနွေးပွဲ (Talk Show) ကျင်းပသွားမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆောင်းပါး ပြိုင်ပွဲကိုလည်း သက်ဆိုင်ရာပညာရှင်များကြီးမှူး၍ ကျင်းပသွားမည် ဖြစ်ကြောင်း၊ Facebook Page မှတဆင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့နှင့် ပတ်သက်သည့်  ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ (Quiz)ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆောင်ပါးပြိုင်ပွဲနှင့် Facebook Quiz ပြိုင်ပွဲ တို့တွင် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် ပွဲကြီးတစ်ပွဲကို ဦးဆောင်ကျင်းပရမည်ဖြစ်သဖြင့် ဌာနတိုင်း၊ ဝန်ထမ်းတိုင်းမှ ပါဝင်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် အခမ်းအနားမတိုင်မီ ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်သွားရန်လိုအပ်မည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

               ထို့နောက် အခမ်းအနားကျင်းပရေးဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

               (၂၀၂၁)ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပနိုင်ရေး ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို(၁၃.၁၀.၂၀၂၁)ရက်နေ့တွင်ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR