လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ယနေ့(၂၈-၇-၂၀၂၃) ရက်၊ သောကြာနေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်ဆွေလှိုင်က သင်တန်းကာလအတွင်း သင်ခန်းစာ များကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် မျှဝေဆွေးနွေးပေးပါသော ဌာနဆိုင်ရာ အဖွဲ့အစည်းများ နှင့် မိတ်ဖက်အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၂/၂၀၂၃)သို့ တက်ရောက်ခဲ့ သည့် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆင်းပွဲအခမ်းအနားတွင် ဌာနဆိုင်ရာမှ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အရပ်ဖက် မိတ်ဖက်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့နှင့် သတင်းမီဒီယာများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းအား သင်တန်းသား(၂၀)ဦးဖြင့် (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ အတွင်း သင်တန်းနည်းပြများမှ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးစခန်း များ၏ လုပ်ငန်းတာဝန်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ၊ မူးယစ်ဆေးစွဲရောဂါနှင့် ကုသမှုပုံစံများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးနှင့် အန္တရာယ်များအကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းများ၊ ကြုံတွေ့နိုင် သော အခက်အခဲများနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း သင်ကြားပို့ချပေးခဲ့ပါသည်။


သင်တန်းသား/သင်တန်းသူများ၏ သင်တန်းဆင်းလက်မှတ်များကို ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က ပေးအပ်ခဲ့ပြီး အခမ်းအနားအား နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR