လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနသည် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ဘဏ္ဍာနှစ်အလိုက် စီမံကိန်းမြို့နယ်များ သတ်မှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်သည် စီမံကိန်းမြို့နယ် (၁၀) ခု တွင် () ခုအပါအဝင်ဖြစ်ပြီး ၂၆--၂၀၂၅ ရက်နေ့နှင့် ၂၇--၂၀၂၅ ရက်နေ့များတွင် ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒေသဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ပဲခူးမြို့နယ် အတွင်းမှ မသန်စွမ်းသူ (၁၂၂၆) ဦး မသန်စွမ်းသူမှတ်ပုံတင် လျှောက်ထားခဲ့ကြပါသည်။

ထို့နောက် ၃၀--၂၀၂၅ ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် ဒေသဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ သနပ်ပင်မြို့နယ်မှ မသန်စွမ်းသူ (၁၈၂) ဦး မသန်စွမ်းသူမှတ်ပုံတင်လျှောက်ထားခဲ့ကြပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ယနေ့အထိ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် (၆) ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူ (၈၂၄၈) ဦးအား မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ထုတ်ပေး နိုင်ခဲ့ပြီး မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် ရရှိသူများအား ကနဦးထောက်ပံ့ကြေးတစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး တွင် ဒဂုံ (အရှေ့) မြို့နယ်၊ ဒဂုံ (တောင်) မြို့နယ်၊ ဒဂုံ (မြောက်) မြို့နယ်၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်၊ အင်းစိန်မြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR