လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနသည် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ဘဏ္ဍာနှစ်အလိုက် စီမံကိန်းမြို့နယ်များ သတ်မှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်သည် စီမံကိန်းမြို့နယ် (၁၀) ခု တွင် () ခုအပါအဝင်ဖြစ်ပြီး ၂၆--၂၀၂၅ ရက်နေ့နှင့် ၂၇--၂၀၂၅ ရက်နေ့များတွင် ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒေသဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ပဲခူးမြို့နယ် အတွင်းမှ မသန်စွမ်းသူ (၁၂၂၆) ဦး မသန်စွမ်းသူမှတ်ပုံတင် လျှောက်ထားခဲ့ကြပါသည်။

ထို့နောက် ၃၀--၂၀၂၅ ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် ဒေသဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ သနပ်ပင်မြို့နယ်မှ မသန်စွမ်းသူ (၁၈၂) ဦး မသန်စွမ်းသူမှတ်ပုံတင်လျှောက်ထားခဲ့ကြပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ယနေ့အထိ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် (၆) ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူ (၈၂၄၈) ဦးအား မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ထုတ်ပေး နိုင်ခဲ့ပြီး မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် ရရှိသူများအား ကနဦးထောက်ပံ့ကြေးတစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး တွင် ဒဂုံ (အရှေ့) မြို့နယ်၊ ဒဂုံ (တောင်) မြို့နယ်၊ ဒဂုံ (မြောက်) မြို့နယ်၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်၊ အင်းစိန်မြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR