မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်တွင် (၂၇-၁၂-၂၀၂၃) ရက်နေ့မှ (၂၈-၁၂-၂၀၂၃) ရက်နေ့ အထိလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်တွင် ( ၁-၁-၂၀၂၄) ရက်နေ့မှ (၂-၁-၂၀၂၄) ရက်နေ့ အထိလည်းကောင်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများ၊ မသန်စွမ်းသူများနှင့် လူမှုရေး အဖွဲ့အစည်းများတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၅)၊ နည်းဥပဒေများ (၂၀၁၇)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCRPD)၊  မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့် မသန်စွမ်းမှုစိစစ်ရန်အတွက် ပြုစုထားရှိသည့် အသက်အရွယ်အလိုက် မေးခွန်း လွှာ (၅) စုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက် ခွင့်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှုများကို လက်လှမ်းမီ ရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်း သည် မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်စဉ်တစ်ခုဖြစ်ပြီး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း ကို (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာနှစ် အတွင်း ကနဦး စီမံကိန်းဧရိယာ (၄) မြို့နယ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု (၂၀၂၃ -၂၀၂၄) ဘဏ္ဍာနှစ်အတွင်း စီမံကိန်းမြို့နယ် (၁၀) ခုတွင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR