၁၂-၂-၂၀၂၆ရက်က မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲကို ပြည်သူ လူထု (၅၀) ဦးနှင့် ၁၃-၂-၂၀၂၆ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ မုံရွာမြို့တွင် ပြည်သူ လူထု (၅၀) ဦးတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ အသိပညာပေးခြင်းအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုမှုများနှင့် အကြမ်းဖက်မှုများ လျော့နည်းစေပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ သိရှိစေရန်နှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွားလာပါက‌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျားမအခြေပြု အကြမ်းဖက်မှုဆိုင်ရာများ‌ ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆက်သွယ်‌ဆောင်ရွက်ရမည့် case manger ဖုန်းနံပါတ်များ၊ ချိတ်ဆက်ညွှန်းပို့နိုင်‌ကြောင်းနှင့် လူမှုဝန်ထမ်းလုပ်ငန်းစဉ်များကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။



နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR