လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၂၅)ရက်နေ့၊ (၁၉:၁၀) နာရီအချိန်တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃ဝဝ,ဝဝဝိ/-)အား (၁၈-၁၀-၂၀၂၅)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သေဆုံးသူ၏ မိသားစုလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR