လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရုံးချုပ်ရှိဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် ရုံးလုပ်ငန်းများ လျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ ဌာနတွင်း Microsoft Excel (Basic) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၀၉း၃၀) နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ နည်းပြများနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြပါသည်။


              သင်တန်းဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် တိုးတက်ပြောင်းလဲလာသော နည်းပညာခေတ်၌ IT နည်းပညာသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ ရုံးလုပ်ငန်းများ လုပ်ဆောင်ရာ၌လည်း IT Soft Skill များဖြစ်သည့် Microsoft Office – Word, Excel, Power Point အစရှိသည့် ပညာရပ်တွေကို ကျွမ်းကျင်နေပါက လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်သည့်နေရာမှာ အချိန်ကုန်သက်သာစေမှာဖြစ်ကြောင်း၊ စာရင်းဇယားတွေ ရေးဆွဲခြင်းသည် ဌာနအတွင်းမှာ မဖြစ်မနေ လုပ်ဆောင်ရသည့်အတွက်ကြောင့် ယခုကဲ့သို့ Microsoft Excel (Basic) အသုံးပြုနည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် လက်တွေ့အသုံးချနိုင်ရန်အတွက် သင်တန်းမှသင်ကြားပေးတဲ့ သင်ခန်းစာများကို စိတ်ပါဝင်စားစွာသင်ကြားဖို့နှင့် သင်တန်းမှရရှိလာတဲ့ ပညာရပ်များကိုလည်း သင်တန်းပြီးသွားတဲ့အခါမှာ ရုံးလုပ်ငန်းပိုင်းမှာ လွယ်ကူအဆင်ပြေအောင် လက်တွေ့နဲ့ယှဉ်ပြီး အသုံးချသွားဖို့မှာကြားလိုကြောင်း၊ ယခုဖွင့်လှစ်သည့် Excel သင်တန်းသာမက Adobe Photoshop သင်တန်း၊ Adobe PageMaker သင်တန်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ ညွှန်ကြားရေးမှူးများအနေနှင့်လည်း မိမိတို့ဌာနမှာ လိုအပ်နေတဲ့ ဘာသာရပ် တွေကို အမှန်တကယ်အသုံးပြုနိုင်တဲ့ သင်တန်းသား/သူများကိုသာ ရွေးချယ်စေလွှတ်ပြီး သင်တန်းတက်ရောက်စေခြင်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှာရှိနေတဲ့ Human Resources ကို တိုးတက်လာစေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Microsoft Excel (Basic) သင်တန်းသို့ ရုံးချုပ်၊ ဌာနခွဲများမှ သင်တန်းသား/သူ(၂၀)ဦးဖြင့် (၁၀-၆-၂၀၂၄ ရက်မှ ၁၄-၆-၂၀၂၄ ရက်ထိ) (၅)ရက်တာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။





နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR