“ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ” စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆.၆.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် Online ဖြင့် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က “ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ” ရေးဆွဲရခြင်းအကြောင်းအရင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) က သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များ ပြန်ကြားလာခြင်းအပေါ် ရေးဆွဲအတည်ပြုထားသော ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများတွင် ပါဝင်သည့် အခန်းအလိုက်လုပ်ငန်းစဉ်များ၊ အသုံးပြုရမည့် မှတ်ပုံတင်စာအုပ်များ၊ ပြေစာပုံစံများနှင့် ရန်ပုံငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေး၍ အစည်းအဝေးအား နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR