မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကို (၁၅-၃-၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက အမှာစကား ပြောကြားပြီး မော်လမြိုင်ခရိုင် အမျိုးသမီးကော်မတီ အတွင်းရေးမှူးက ကော်မတီဖွဲ့စည်းမှုအခြေအနေ၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသော ကော်မတီဝင်များက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်စပ်၍ မိမိတို့ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြို့နယ်အမျိုးသမီးကော်မတီများအတွက် Meeting SOP တို့ကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ မော်လမြိုင်ခရိုင်၊ အမျိုးသမီးကော်မတီဝင်များနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR