တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ်အတွင်း ၂.၈.၂၀၂၅ ရက်မှ ၂၈.၉.၂၀၂၅ ရက်ထိ သင်တန်းသူ (၂၀) ဦးဖြင့် ဖွင့်လှစ်ခဲ့သော ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ၂၈.၉.၂၀၂၅ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့သစ် (၄) လမ်းရှိ မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များအား ပေးအပ်ခဲ့ပြီး၊ ထူးချွန်ဆုရရှိခဲ့သော သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်(၁)လုံးကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးနှင့် တက်ရောက်လာကြသူများက သင်တန်းသူများချုပ်လုပ်ထားသော ဝတ်စုံများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ အခမ်းအနားကို နံနက် (၁၀:၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR