လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှု၀န်ထမ်းဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ (၁၆-၆-၂၀၂၂)ရက်နေ့ (၁၃း၀၀)အချိန်မှ (၁၅း၂၀)နာရီအချိန်ထိ မအူပင်မြို့၊ (အထက-၁) စာသင်ကျောင်းတွင် ကျောင်းသား/သူ (၁၀၀)ဦး၊ ဆရာ/ဆရာမ (၅)ဦးတို့အား သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ ဟောပြောခြင်း၊ သဘာ၀ဘေးနှင့်ပတ်သက်၍ အမေး၊ အဖြေများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များ ဝေငှပေးခြင်း၊ (၅ ပေ X ၄ပေ) ငလျင်ဘေးနှင့် ဆူနာမီဘေး ဗီနိုင်းပိုစတာ (၁) ချပ်စီတို့ အား ပေးအပ်ခြင်းနှင့် လူမှု၀န်ထမ်းဦးစီးဌာနမှကျား/မ ရေးရာကိစ္စများ၊ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှုဆိုင်ရာကိစ္စများအားဆွေးနွေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Source:         DDM

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR