မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးရေးဆိုင်ရာလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးပွဲအား ၂၅ ၉. ၂၀၂၅ ရက်၊ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်စကားပြောကြားပြီး၊ ကော်မတီအလိုက် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအားတင်ပြပြီး၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းမှ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေအသိပညာပေးပွဲများ၊ ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းများ၊ မုန့်လုပ်နည်းသင်များနှင့် နားမကြားသော ကလေးများအတွက် မိဘများနှင့် ရပ်ရွာလူထုများအား  မြန်မာစံလက်သင်္ကေတပြဘာသာစကားများ ပို့ချနိုင်မှုအခြေအနေများအား တင်ပြပြီး၊ လမ်းပေါ်နေက‌လေးလျော့နည်းရေးနှင့် တောင်းရမ်းစားသောက်သူများပပျောက်ရေး လုပ်ငန်းစီမံချက်ပါမြို့နယ် (၇) မြို့နယ်အနက် အောင်မြေသာစံမြို့နယ်၊ အမှတ် (၃၈) အခြေခံပညာအထက်တန်းကျောင်း၊ ညောင်ကွဲရပ်ကွက်မှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် အတန်းပညာသင်ကြားလျက်ရှိသော နေ့ကျောင်းတက်/ ညကျောင်းတက် ကျောင်းသား/ သူ (၄၅) ဦးအား  စက်တင်ဘာလနောက်ဆုံးအပတ်တွင် ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား တင်ပြခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR