လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၈-၅-၂၀၂၆ ရက်နှင့် ၁၉-၅-၂၀၂၆ ရက်တို့တွင် အဆိုပါဝန်ကြီးဌာန၏ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၁၈-၅-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားခဲပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပ၍ ဒီမိုကရေစီအစိုးရသစ်ဖြစ်ပေါ်ဖွဲ့စည်းမှု၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အရေးကြီးမှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍမြင့်မားလာရေးနိုင်ငံတော်အစိုးရကဦးစားပေးဆောင်ရွက်နေမှုများ၊ မူကြိုပညာရေးနှင့်ဆက်စပ်၍ ဤဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေးကဏ္ဍအားနိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်မှုများပိုမိုအားကောင်းလာစေရေး၊ဝန်ကြီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေများစနစ်တကျသုံးစွဲရေး၊ တင်ဒါလုပ်ငန်းများစည်းမျည်းစည်းကမ်းနှင့်အညီအချိန်မီပြီးစီးနိုင်ရေးနှင့် စာရင်းစစ်ဆေးခံနိုင်စေရေး၊ ရက် ၁၀၀ စီမံကိန်းလုပ်ငန်းများပြည်သူအတွက် အကျိုးရှိထိရောက်အောင် ဆောင်ရွက်ရေး၊ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်လာနိုင်သောရာသီဥတုအခြေအနေများပေါ်မူတည်၍ ရေဘေး၊ လေဘေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့်ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများလိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများ၏ ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းဆောင်ရွက်ချက်များ၊ သုံးသပ်ချက်များနှင့်ရှေ့ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းစဉ်များအသီးသီးတင်ပြကြပါသည်။ယင်းတင်ပြချက်များအပေါ် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များကအားသာချက်၊ အားနည်းချက်များအားခြုံငုံသုံးသပ်တင်ပြခဲ့ကြပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသန်းစိုးနှင့် ဒေါက်တာသန့်ဇော်လွင်တို့ကတင်ပြချက်များအပေါ် ခြုံငုံသုံးသပ်ချက်များတင်ပြခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနိဂုံးချုပ်စကားပြောကြား၍အစည်းအဝေးကို ၂၀-၅-၂၀၂၆ ရက် (၁၂:၀၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးကိုလူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့၏ ချင်းပြည်နယ်ဦးစီးမှူးရုံးများမှတာဝန်ရှိသူများက Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR