လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၁၈.၁၂.၂၀၂၄ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းသည် ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုများကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဦးစီးဌာန(ရုံးချုပ်)အနေနှင့် Policy, Strategy, စနစ်တည်ဆောက်မှုကဏ္ဍများကိုဦးဆောင်ရပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများက ရုံးချုပ်မှချမှတ်သော မူဝါဒများနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရသည့်အတွက် ပြည်သူလူထုနှင့်ထိတွေ့ရာတွင် စွမ်းဆောင်ရည်ပြည့်ဝနေဖို့လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် ယခင်ကဆောင်ရွက်ခဲ့သော လုပ်ငန်းများဆက်လက်ဆောင်ရွက်နေရသလို လူမှုကာကွယ်စောင့်ရှောက်ရေး၊ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု၊ လူမှုစီမံခန့်ခွဲမှု သတင်းအချက်အလက်စသည့် ကဏ္ဍသစ်များကို စနစ်များတည်ဆောက်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းတာဝန်များပိုများလာ၍ ဝန်ထမ်းများအနေဖြင့် အမြဲမပြတ်လေ့လာသင်ယူနေဖို့လိုအပ်ပါကြောင်း၊ မိမိတို့ဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးရသောဌာနဖြစ်သည့်အတွက် မိမိတို့လုပ်ငန်းများအား ကျွမ်းကျင်မှုအပြည့်ဖြင့် အကောင်းဆုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စွမ်းရည်ပြည့်ဝစေရန်အတွက် သင်တန်းများလိုအပ်ပါကြောင်း၊ ဌာနတွင်းသင်တန်းများဖွင့်လှစ်ပေးလျက်ရှိသလို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် အခြားဌာနများမှ ဖွင့်လှစ်သော သင်တန်းများသို့လည်း စေလွှတ်တက်ရောက်စေလျက်ရှိပါကြောင်း၊ မိမိတို့ဌာန၏လုပ်ငန်းတာဝန်(၇)ရပ်နဲ့အညီ လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ လုပ်ငန်းတာဝန်တစ်ခုချင်းအလိုက် လိုက်နာဆောင် ရွက်ရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေများသုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် စနစ် တကျဆောင်ရွက်ရေး အဆင့်အလိုက်ကြီးကြပ်ဆောင်ရွက်ရန် အထူးပြောကြားလိုကြောင်း မှာကြား ခဲ့ပါသည်။ ဆက်လက်ပြီးရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်များမှတာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်ချက်များအား ရှင်းလင်းတင်ပြသည့်အပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ညနေ (၀၆:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR