မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သင်တန်းကို ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်၍ ၂၀-၇-၂၀၂၃ ရက်နေ့မှ ၂၁-၇-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၉၁) ဦး တက်ရောက်ခဲ့ကြပါသည်။ 

၂၀-၇-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားရေးမှူးက ပြန်လည်ထူထောင်ရေးဦးစီးဌာနအကြောင်း မိတ်ဆက်တင်ပြခြင်းနှင့် မသန်စွမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများကို စီမံကိန်းမြို့နယ် (၁၀) မြို့နယ် တွင် ဆောင်ရွက်မည့်အစီအစဉ်အား ရှင်းလင်းတင်ပြခဲ့ပြီး ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်ပါ အခွင့်အရေးများ၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်း များ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာရမည်များကိုလည်း ဆွေးနွေးပို့ချခဲ့ပါသည်။

ထို့နောက် TCG အဖွဲ့ဝင်များဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးကိုကိုဇော်နှင့် ဒေါက်တာဖြိုးဝေဝင်းတို့က သင်ခန်းစာများအား ပို့ချခဲ့ပြီး နေပြည်တော် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းက မသန်စွမ်းသူများ၏ အခွင့်အရေးများကို ရရှိရန် လိုအပ်ကြောင်းနှင့် မသန်စွမ်းသူမှတ်ပုံတင်ကတ် ရရှိပါက ရရှိလာမည့် အခွင့်အရေးများ အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၁-၇-၂၀၂၃ ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးစံလင်းက မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်နှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုမည့် အသက်အရွယ်အလိုက် အကဲဖြတ် မေးခွန်းလွှာများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR