မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ မွန်ပြည်နယ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ၃-၁၂-၂၀၂၅ ရက်၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကအဖွင့်အမှာစကားပြောကြားကာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကပေးပို့သည့် UN Message အား Video Clip ဖြင့်ပြသပါသည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုဗီဒီယိုမှတ်တမ်းအားပြသပြီး၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု အားကစားပြိုင်ပွဲများတွင် ပွဲစဉ်အလိုက် မွန်ပြည်နယ် မသန်စွမ်းသူဆုရရှိသူ (၃၂) ဦးအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ်နှင့်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ပါသည်။  မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ချောင်းဆုံရုံးခွဲ) က တာဝန်ခံ ဦးထွန်း (အမြင်အာရုံမသန်စွမ်းသူ) နှင့်အဖွဲ့က “ တိမ်ဖုံးပါ၍ လမသာ ” တေးသီချင်းဖြင့်လည်ကောင်း  မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက ကိုယ်အင်္ဂါမသန်စွမ်းသူ ဒေါ်ဝါဝါလွင်က “အဖေ” တေးသီချင်းဖြင့်လည်းကောင်း Bright Kids Special Needs Children Center ကျောင်းမှ ဉာဏ်ရည်မသန်စွမ်းကလေးငယ်များက You are my Soniya သီချင်းဖြင့်လည်းကောင်း၊ ဖျော်ဖြေတင်ဆက်ပြီး  အခမ်းအနားအပြီးတွင် မွန်ပြည်နယ် မသန်စွမ်းသူများအသင်း၏ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား   ကြည့်ရှုအားပေးခဲ့ကြပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ မွန်ပြည်နယ် ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆုရမသန်စွမ်းသူများ၊   မသန်စွမ်းအသင်းများ၊ ဖျော်ဖြေတင်ဆက်သည့် မသန်စွမ်းသူများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၄၅၀) ဦးခန့် တက်ရောက် ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR