အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကအဖွင့်အမှာစကားပြောကြားကာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကပေးပို့သည့် UN Message အား Video Clip ဖြင့်ပြသပါသည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုဗီဒီယိုမှတ်တမ်းအားပြသပြီး၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု အားကစားပြိုင်ပွဲများတွင် ပွဲစဉ်အလိုက် မွန်ပြည်နယ် မသန်စွမ်းသူဆုရရှိသူ (၃၂) ဦးအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ်နှင့်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ပါသည်။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ချောင်းဆုံရုံးခွဲ) က တာဝန်ခံ ဦးထွန်း (အမြင်အာရုံမသန်စွမ်းသူ) နှင့်အဖွဲ့က “ တိမ်ဖုံးပါ၍ လမသာ ” တေးသီချင်းဖြင့်လည်ကောင်း မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက ကိုယ်အင်္ဂါမသန်စွမ်းသူ ဒေါ်ဝါဝါလွင်က “အဖေ” တေးသီချင်းဖြင့်လည်းကောင်း Bright Kids Special Needs Children Center ကျောင်းမှ ဉာဏ်ရည်မသန်စွမ်းကလေးငယ်များက You are my Soniya သီချင်းဖြင့်လည်းကောင်း၊ ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားအပြီးတွင် မွန်ပြည်နယ် မသန်စွမ်းသူများအသင်း၏ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။
အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ မွန်ပြည်နယ် ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆုရမသန်စွမ်းသူများ၊ မသန်စွမ်းအသင်းများ၊ ဖျော်ဖြေတင်ဆက်သည့် မသန်စွမ်းသူများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၄၅၀) ဦးခန့် တက်ရောက် ခဲ့ပါသည်။










